Part-1

749 25 5
                                    

"လမ်းဖယ်ပေးပါ.!!လမ်းဖယ်ပေးပါဗျ..."

ဆေးရုံအတွင်းသို့လူနာတင်ကုတင်အား
တွန်းကာအလျင်လိုစွာ၀င်ရောက်လာသော
လူတစ်စု။ဒီလိုရုတ်ရုတ်သဲသဲအခြေနေက အရေးပေါ်ဌာနအတွက်မထူးဆန်းလှပေ..

"အရေးပေါ်လူနာပါ..!"

"ဘာဖြစ်လာတာလဲဗျ.."

အပြေးရောက်လာသောဆရာ၀န်လေးနှင့် သူနာပြုတို့ကလူနာကိုစမ်းသပ်ရန်ပြင်ကာ ခေါ်လာသည့်ကြက်ခြေနီများကိုမေးလိုက်သည်။

"ယာဉ်တိုက်မှုပါ..လူနာကကားကိုအရှိန်လွန် မောင်းနှင်ပြီးအရှိန်မထိန်းနိုင်ပဲ ဓာတ်တိုင်ကို၀င်တိုက်တာပါ.."

"vitalsကရော..?"

"၉၀/၄၀နှလုံးခုန်နှုန်း ၁၃၀ပါ.."

"သူနာပြုမင်..လူနာကိုအရင်CTရိုက်
ထားလိုက်ပါ.."

"ဟုတ်ကဲ့.."

"အာ..လူနာရှင်ကိုရောဆက်သွယ်ပြီးပြီလား.."

"ဆက်သွယ်ထားပါတယ်..မကြာခင်
ရောက်လာပါလိမ့်မယ်.."

"ကောင်းပြီ.."

"Doctorဂန်..CTရိုက်ပြီးပါပြီ"

"ဒါFlail chest (ထိခိုက်မှုကြောင့် နံရိုးစုမှနံရိုးကျိုးခြင်း)..ပဲ။လူနာကချက်ချင်း ခွဲစိတ်ဖို့လိုမယ်၊ သူနာပြုမင်.. ကျွန်တော်ဒါကိုထိန်းထားလိုက်မှာမို့ doctorချွဲကို ဖုန်းဆက်..အာ.သွားခေါ်လိုက်ပါ.."

"ဟုတ်ကဲ့ပါ.."

အရေးပေါ်ခန်းရဲ့အပေါ်ထပ်ရှိဆရာ၀န် နားနေဆောင်သို့အမြန်တက်ကာတံခါးခေါက် လိုက်သည်။

ဒေါက်.ဒေါက်..!

" Doctorချွဲ.. Doctorချွဲ..!အရေးပေါ်လူနာပါ..ကျမ၀င်ခဲ့ပါပြီနော်"

နားနေခန်းရဲ့စားပွဲလေးပေါ်ခေါင်းတင်ကာ တစောင်းလေးအိပ်နေသော Doctorလေး။
ဘေးမှာလည်းဆေးစာအုပ်အထူကြီးတွေ
ပြန့်ကျဲလျက်..သူနာပြုမင် မနီးမဝေးလေး
ရပ်ကာအိပ်မောကျနေသည့်doctor‌ေလးအား
သာယာစွာနှိုးရန်ပြင်လိုက်သည်။

"Doctorချွဲ..!!!အမြန်ထရပါမယ်..!!"

သူနာပြုမင်ရဲ့သာယာတဲ့အော်သံကြောင့်
အိပ်ပျော်နေသည့်doctorလေးလန့်ဖြန့်ကာ
ကမန်းကတမ်းထလာပြီးစာကြည့်မျက်မှန်
ဝိုင်းလေးကိုပင့်တင်ကာပြန်ကြည့်လာသည်။

My Royal Doctor(U+Z)Where stories live. Discover now