Part-14

68 8 2
                                    

ဒီနေ့တော့နန်းတော်ထဲမှာတော်တော်
ဗြောင်းဆန်နေခဲ့သည်။အကြောင်းကတော့ ဂျိုဆွန်းရဲ့အရှင်မင်းကြီးကညီလာခံမှာလဲကျသွားတာကြောင့်ပင်။ညီလာခံကျင်းပနေရင်း
ရုတ်တရပ်နှာခေါင်းသွေးတွေကျပြီး မေ့လဲသွားတဲ့မင်းကြီးကြောင့်နန်းတော်တစ်ခု လုံးအ‌ေစခံကအစမှူးကြီးမတ်ရာအဆုံး ထိုအကြောင်းကိုသာစိတ်၀င်တစား
ပြောဆိုနေကြသည်။

_{ဘုရင့်နန်းဆောင်}_

"သမားတော်ကြီး..ဘယ်လိုအခြေနေရှိသလဲ..!"

မင်းကြီးအားစမ်းသပ်ပေးနေသည့် သမားတော်ကြီးကိုမိဖုရားခေါင်ကြီးက မေး‌ေလသည်။နန်းဆောင်ထဲတွင်တော့ ရှီ၀န်းအပါအ၀င်တစ်ခြားသမားတော်‌အချို့ရယ်
မိရားကြီးနဲ့အိမ်ရှေ့စံတို့ရှိနေသည်။

"ဟို..မင်းကြီးက..ပင်ပန်းပြီးလဲကျသွားရုံပါ
မိဖုရားကြီး.."

အမူအရာပျက်ယွင်းနေတဲ့သမားတော်ကြီးကို
မိဖုရားကြီးကရိပ်မိဟန်နှင့်..

"သမားတော်ကြီး..!ဒီလောက်အခြေနေဖြစ် သွားတာတောင်မောင်မင်းက ဖုံးကွယ်ချင်သေးသလား..!!"

"ဟို.ဒါ.ဒါက.."

သမားတော်ကြီးကမိဖုရားကြီးကိုလည်း ကြောက်ပေမဲ့ပြောရမဲ့ကိစ္စကိုအတင်းဖုံးကွယ် နေသလိုပင်။ရှီ၀န်းကြည့်နေတဲ့တစ်လျှောက်
တိုင်းဆိုရင်တော့မင်းကြီးမှာပြင်းထန်တဲ့ရောဂါ ဖြစ်နေတာဖြစ်နိုင်သည်။

"သမားတော်ကြီး..မှန်ရာကိုသာလျှောက်တင် ပါတော့။ခမည်းတော်ရဲ့အခြေနေကို မိသားစု၀င်ဖြစ်တဲ့ကိုယ်တော်တို့က
သိထားသင့်တယ်လေ.."

အိမ်ရှေ့စံကပံုမှန်တုိင်းလေသံအေးအေးနဲ့ ပြောလာတော့ သမားတော်ကြီးလည်း မဖုံးကွယ်ထားချင်ဟန်တူပါသည်။သင်ပြင်းမောကြီးချကာထုတ်ပြော
လာတော့သည်။

"စိုးရွံ့မိပေမဲ့~~မင်းကြီးဒီလိုဖြစ်တာကို သတိထားမိတာလအတန်ကြာပြီဖြစ်ကြောင်းပါ။သွေးကြောနဲ့သက်ဆိုင်တဲ့ရောဂါပေမဲ့ မင်းကြီးရဲ့အခြေနေကဒီလိုဆိုးဆိုးလာ ကြောင်းပါ။ဒါပေမဲ့မင်းကြီးကဘယ်သူ့ကိုမှ မပြောပြစေဖို့မိန့်ထားတာကြောင့်ပါ..
ကျွန်တော်မျိုးကိုခွင့်လွှတ်ပေးတော်မူပါ..!!"

My Royal Doctor(U+Z)Where stories live. Discover now