Part-6

107 13 2
                                    

"ဟန့်..!!ဒါငါ့ကိုသပ်သပ်အနိုင်ကျင့်တာ။အာဏာကိုအလွဲသုံးစားလုပ်တာ..!!!"

နန်းတော်ကပြန်လာပြီးထဲကတတိယမင်းသား ရဲ့စကားကြောင့်ဒေါသပေါက်ကွဲနေတဲ့ ရှီ၀န်းကိုဆယ်ဟိုလည်းတားမရတာနဲ့ ဒီတိုင်းရပ်ကြည့်နေရတော့သည်။

**သခင်လေးကဘာလို့ဒီလောက်ခါးခါးသီးသီး ဖြစ်နေရတာပါလိမ့်..ပြီးတော့တတိယမင်းသား
ကိုလေ။သခင်လေးဒီ‌ေလာက်ဒေါသထွက်တာ တစ်ခါမှမမြင်ဖူးဘူး။ဒါပေမဲ့.သခင်လေး ဒေါသထွက်နေပုံက ကြောက်ဖို့မကောင်းပဲ ချစ်ဖို့ကောင်းနေတယ်..**

"ဆယ်ဟို..!မင်းအဲ့တိုင်းပဲရပ်နေတော့မှာလား"

"ဗျ.ဗျာ..ကျွန်တော်ဘာလုပ်ပေးရမလဲ"

"ရား..!မင်းငါ့ကိုအလေးမထားတာလား..?ဟိုမင်းသား..သူငါ့ကိုနန်းတော်ထဲခေါ်ထားဖို့လုပ်နေတယ်လေ"

"အာ..အဲ့တာ..ကျွန်တော်ကဘယ်လိုလုပ် ပေးနိုင်မှာလဲသခင်လေးရဲ့။သူကမင်းသားလေ..ကျွန်တော့်ရဲ့အဆင့်လောက်နဲ့သူ့ကိုလွန်ဆန်နိုင်ပါ့မလား"

"ကျစ်..!စိတ်ရှုပ်လိုက်တာကွာ.."

"သခင်လေး..အမှန်တော့တတိယမင်းသားရဲ့ ကမ်းလှန်းချက်ကကောင်းတယ်မဟုတ်ဘူးလား။
သခင်လေးရဲ့ရည်မှန်းချက်ကနန်း‌တွင်း သမားတော်ဖြစ်ဖို့လေ။အခုမင်းသားက ဒီလိုကမ်းလှမ်းတော့..သခင်လေးဆေးပညာ
လည်း ကောင်းကောင်းသင်နိုင်မယ် ပြီးတော့မင်းသားရဲ့အထောက်အပံ့လည်းရမယ် မကောင်းဘူးလား.."

"မကောင်းဘူး..!ငါလိုချင်တာအဲ့ဒါမဟုတ်ဘူး
ကျစ်.!သွားတော့မင်းလည်း..!!"

"ဟုတ်ကဲ့..သခင်လေး"

နန်းတော်ထဲကိုရှီ၀န်းတစ်ကယ်မသွားချင်ပါ။ရှီ၀န်းရဲ့အဓိကရည်ရွယ်ချက်ကဒီနေရာမှာ လိုက်လျောညီထွေဖြစ်အောင်နေပေးပြီး နည်းလမ်းရအောင်ရှာ..ကုိယ့်နေရာကို ပြန်သွားနိုင်ဖို့ပဲ။နန်းတော်လိုနေရာမျိုးကို ရောက်သွားလို့အကျိုးမရှိဘူးလို့ပဲ ရှီ၀န်းထင်သည်။ပြီးတော့ထိုတတိယမင်းသား ဆိုသောသူ..ထိုလူရဲ့သူ့အပေါ်အကြည့်တွေ လက်ရဲဇက်ရဲနဲ့စည်းမရှိလွန်းတဲ့အပြုအမူ တွေကိုရှီ၀န်းမကြိုက်။အရင်ကချွဲသခင်လေးနဲ့ ဘယ်လိုဆက်ဆံရေးဆိုတာမသိပေမဲ့ ထိုလူ့ကိုရှီ၀န်းသဘောမကျတာတော့အမှန်ပင်။

My Royal Doctor(U+Z)Where stories live. Discover now