part-12

87 15 0
                                    

ဖြောင်းယန်းမှာတစ်ရက်လောက်ထပ်နေပြီးတော့ လီဆွန်းတို့နန်းမြို့တော်ကိုပြန်ခဲ့ကြသည်။

ယောင်းဒဏ်ရာကတော့ပျောက်သလောက်
ဖြစ်နေပေမဲ့အရင်လိုမဟုတ်တော့ပဲ လူအရမ်းကြောက်တတ်လာသည်။စကားလည်းသိပ်မပြောတော့ပဲအရာရာကို မယုံသလိုကြောက်ရွံ့စွာကြည့်နေတတ်သည်။

လီဆွန်းကတော့ယောင်းကိုမြင်တိုင်း တရားခံမိဖုရားခေါင်ကြီးကိုသတ်ပစ်ချင်စိတ် ကတစ်ဖွားဖွား။တရားခံကိုသိပြီးဘာမှပြန် မလုပ်နိုင်သေးတာကခံပြင်းစရာပင်..

"ညီတော်တို့ပြန်လာပြီပဲ..ပင်ပန်းသွားကြပြီ။အနားယူကြဦး..

နန်းတော်ထဲ၀င်တော့အိမ်ရှေ့စံကချိုသာစွာ ပြုံးကာစီးကြိုသည်။အိမ်ရှေ့စံရဲ့နောက်မှာ ချယ်ဟီးလဲရှိနေသည်။

"ယောင်းလေး..အဆင်ပြေရဲ့..!"

"မထိနဲ့..!အာ.အ.အစ်ကိုတော်.. ယောင်းတောင်းပန်ပါတယ်.."

အိမ်ရှေ့စံကယောင်းရဲ့လက်ကို လှမ်းအကိုင်ယောင်းကထိတ်လန့်စွာလက်ကို ရိုက်ထုတ်လိုက်သည်။ယောင်းကဒီလောက်
ထိကိုထိတ်လန့်တတ်နေခြင်းပင်။

"ယောင်းကဒီတခါကိစ္စကြောင့် ထိတ်လန့်ပြီးစိတ်ပိုင်းဆိုင်ရာထိခိုက်မှုဖြစ်သွား ခဲ့တာကြောင့်..အကိုတော်နားလည်ပေးပါ.."

"အာ..ရပါတယ်..ယောင်းအရမ်းလန့်သွားမှာပဲ"

လီဆွန်းနဲ့လီယောင်းကအိမ်ရှေ့စံအနောက်က ချယ်ဟီးကိုဘယ်သူလဲဟူသောအကြည့်နှင့် ကြည့်နေတာအိမ်ရှေ့စံကမြင်တော့

"အာ..ဒါကမင်အမတ်ကြီးရဲ့သမီး မင်ချယ်ဟီးတဲ့
အစ်ကိုတော်နဲ့လက်ဆက်မဲ့မိန်းကလေးပဲ.."

အိမ်ရှေ့စံကမိတ်ဆက်ပေးတော့ချယ်ဟီးက ရှေ့ကိုထွက်လာပြီးအသံချိုချိုလေးနဲ့ သိမ်မွေ့စွာဂါရ၀ပြုသည်။

"မင်းသားတို့ကိုဂါရ၀ပြုပါတယ်..
ဟို.တတိယမင်းသားကဒဏ်ရာရထားတယ် လို့ကြားမိပါတယ်။ဒီဆေးမှုန့်လေး.. လက်ခံပေးပါ..ပြင်ပဒဏ်ရာတွေ ဆိုအမြန်သက်သာစေတာမို့အသုံးတည့်မှာပါ"

ချယ်ဟီးကကြွေပုလင်းအသေးလေးကို လီဆွန်းဆီမရဲတရဲထိုးပေးလာသည်။လီဆွန်းကချက်ချင်းမယူပဲအိမ်ရှေ့စံကိုတစ်ချက် ကြည့်လိုက်တော့အိမ်ရှေ့စံရဲ့ပုံကအနည်းငယ် မျက်နှာပျက်နေဟန်တူသည်။

My Royal Doctor(U+Z)Where stories live. Discover now