Part-19

135 9 6
                                    

" မိဖုရားကြီးအခစားဝင်ရောက်ကြောင်းပါ မင်းကြီး.!!"

"ဝင်ခိုင်းလိုက်.!"

"မိဖုရားကဘာအကြောင်းများရှိလို့လဲ.."

"ကျွန်တော်မျိုးမကိုပြောစရာမရှိဘူးလား မင်းကြီး.."

မနက်စောစောစီးစီးမကျေမနပ်အမူအရာအပြည့်ဖြစ်နေတဲ့
ဲ့မိဖုရားခေါင်ကြီး၏ မျက်နှာထားအရ..အခြေအနေကိုတော့
မင်းကြီး ရိပ်စားမိပြီဖြစ်သည်။

"မိဖုရားကသိပြီးပြီကိုး~~သီတင်းက တယ်မြန်ပါ့လား။ကိုယ်တော့်နားမှာမင်းရဲ့လူတွေအတော်များပုံပဲ.."

"မင်းကြီး..!ဒါကခနဲ့နေရမဲ့ကိစ္စမဟုတ်ပါဘူး။
လီဘင်းကိုအိမ်ရှေ့စံအရာပြောင်းလဲပေးအပ်မယ်ဆိုတာ..
တကယ်ပဲလားမင်းကြီး..!"

အခုထိလီဘင်းနဲ့ ကိုယ်တိုင် နှစ်ယောက်ထဲသိသေးတဲ့ သီတင်းကမိဖုရားကြီးဆီရောက်သွားခဲ့ပြီ။မိဖုရားကြီးရဲ့ အာဏာကလည်းရှင်ဘုရင်ဖြစ်တဲ့ကိုယ့်ထက်တောင်
ပြင်းထန်‌နေတာပဲ။ ဒါတွေအတွက်မည်သူ့ကိုမှအပြစ်မဆိုချင်တော့ပါ
အားလုံးဟာဘုရင်ဖြစ်တဲ့ကိုယ့်ရဲ့ ပေါ့လျော့ခဲ့ခြင်းကြောင့်ပဲ..

"ဟုတ်တယ်..အဲ့ဒီအတွက်မိဖုရားမှာပြောစရာရှိသလား."

"မင်းကြီး..!!"

"လီဘင်းကလဲမင်းရဲ့သားပဲ..!ဘာကိုဒီလောက်မကျေမနပ်ဖြစ်ပြနေသလဲမိဖုရား..!"

"အဟင်း..!ကျွန်မရဲ့သား..ဟုတ်လို့လားမင်းကြီးရယ်~~
ကျွန်မသွေးသားအစစ်ဆိုလို့ လီချန်းတစ်ယောက်ပဲရှိသလားလို့ပါ.!"

"မင်း..!"

မင်းကြီးအံ့ဩသလိုဒေါသလည်းထွက်ရပါသည်.
သူမကအခုထိမမေ့သေးဘူး။

အတိတ်ကိုပြန်သွားမယ်ဆိုရင်လီဘင်းရဲ့အမေအရင်းဟာ ဂျိုဆွန်းရဲ့မိခင်မိဖုရားခေါင်ကြီးဖြစ်တယ်။ လက်ရှိမိဖုရားကြီး ကတော့‌နောက်ခံမရှိတဲ့သာမန်ကြင်ယာတော်အဆင့်သာရှိခဲ့သည်။

နန်းတက်ပြီးအချိန်တစ်ခုကြာတဲ့အထိနန်းသွေးတစ်‌ယောက်မှ
မရခဲ့တဲ့မိဖုရားခေါင်ကြီးက နန်းသွေးအရင်လွယ်လိုက်ရတဲ့ ကြင်ယာတော်နဲ့အယှဉ်ခံလာရတယ်။ မြှောက်စားခံလာရတဲ့ ကြင်ယာတော်ကလည်းမောက်မာရိုင်းစိုင်းလာခဲ့တယ်။

You've reached the end of published parts.

⏰ Last updated: Dec 12, 2021 ⏰

Add this story to your Library to get notified about new parts!

My Royal Doctor(U+Z)Where stories live. Discover now