Part-15

77 9 0
                                    

**Wtf..!ဒါကဘယ်လို..ဘာလို့အဲ့ကြိုးကလီဆွန်းလက်မှာ
ချည်နေရတာလဲ..!!**

ပါးစပ်အဟောင်းသားနဲ့လီဆွန်းလက်ကိုကြည့်လိုက် သူ့လက်ကကြိုးသူပြန်ကြည့်လိုက်ဖြစ်နေရှာတဲ့ရှီဝန်း..
လီဆွန်းကအနားကိုကပ်လာပြီး ရှီဝန်းလက်လေးကိုဆုပ်ကိုင်ကာ

"ရှီဝန်း..!ဘာဖြစ်လို့လဲ..တခုခုအဆင်မပြေတာဖြစ်လို့လား"

လီဆွန်းရဲ့အမေးကိုလည်းပြန်မဖြေနိုင်ပဲရှီဝန်းကြောင်အ
နေသေးသည်။လီဆွန်းကသူ့ရဲ့ဖူးစာရှင်တဲ့လား..မဖြစ်နိုင်လိုက်တာ
အချိန်ကာလခြင်းမတူညီတဲ့လူနှစ်ယောက်ကဘယ်လိုဖစ်နိုင်မှာလဲ
ပြီးတော့ငါ.ငါက..စထရိတ်..!!

ရှီဝန်းနတ်ဆရာမကြီးဘက်ကိုလှည့်ပြီး အသည်းအသန်
ငြင်းေ တာ့သည်။

"ဒါကအတုကြီးမလား..ဟင်..နတ်ဆရာမကြီး ဒါက နောက်စရာမဟုတ်ဘူးနော်၊တစက်မှပျော်ဖို့မကောင်းဘူးသိရဲ့လား.."

" ချွဲသခင်လေးရယ်..ကျွန်မကဘာ့ကြောင့်နောက်ပြောင်ရမှာလဲ
ဒီကြိုးနီကဘယ်တော့မှမမှားဘူး.."

"ဟွန့်..!ကျွန်တော်ကတော့မယုံဘူး။ဒီကြိုးစုတ်ကိုဆွဲဖြတ်ပစ်မယ်"

ရှီဝန်းကကြိုးကိုဆွဲဖြတ်မယ်လုပ်တော့
လက်မှာကြိုးကရှိမနေတော့..လီဆွန်းကလည်းအူကြောင်ကြောင်
ပုံလေးနဲ့ကြိုးကိုပြန်လိုက်ရှာသည်။

"ရှီဝန်း..ခုနကကိုယ်တို့လက်ကကြိုးနီလေးဘယ် ရောက်သွားလဲမသိဘူး.."

"ကဲကဲ..ရှာမနေပါနဲ့တော့ရှင်..ကြိုးကသူ့တာဝန်ပြီးပြီမို့ပျောက်သွားတာပါ။ချွဲသခင်လေးလည်း..အဟင်းးသေချာပြန်
စဉ်းစားပေါ့ရှင်.."

"ကျစ်..!ပြန်တော့မယ်ဗျာ..လာ..မင်းသားပြန်ကြမယ်.."

"အင်း.."

ရှှီဝန်းလည်း လီဆွန်းနဲ့ဆယ်ဟိုနဲ့အတူ နတ်ဆရာမကြီးဆီက ပြန်လာခဲ့သည်။တစ်လမ်းလုံးလည်း အာရုံကကြိုးနီကိစ်စ
ဆီပဲရောက်နေသည်။လီဆွန်းရဲ့လက်မှာကြိုးနီကိုတွေ့လိုက် ်ရတုန်းကရင်ထဲလှိုက်ခနဲခံစားလိုက်ရသည်။အဲ့ဒီခံစားချက်က အာ..တစ်ကယ်တစ်မျိုးကြီးပဲ..ဒါပေမဲ့သေချာပြန်တွေးကြည့်မယ်ဆို ရှီဝန်းစိတ်ထဲအပျော်လှိုင်းလေးရိုက်ခတ်သွားခဲ့တာတော့အမှန်ပင်။
လီဆွန်းအပေါ်ဘာစိတ်မှမရှိဘူးလားဟုမေးလျှင်လည်း..
ရှီဝန်းသေချာမဖြေနိုင်ပါ..ဘာလို့ဆို..ကိုယ်တိုင်လည်း
ကိုယ့်စိတ်ကိုနားမလည်တာေ ကြာင့်..

My Royal Doctor(U+Z)Where stories live. Discover now