Part-7

98 13 0
                                    

ဂျိုဆွန်းပြည်၏ညီလာခံခန်းမထဲတွင် ရှင်ဘုရင်နှင့်မှူးမတ်များညီလာခံကျင်းပနေ
ကြသည်။တိုင်းပြည်အရေးကိစ္စကြီးငယ် များနှင့်ပတ်သက်၍တိုင်ပင်ဆွေးနွေးကာ လုပ်ဆောင်သင့်သည်များကိုမင်းကြီးက အမိန့်ချမှတ်နေ‌ေလသည်။

"မင်းကြီးဘုရား..ကျွန်တော်မျိုးတို့ လျှောက်တင်စရာရှိသေးကြောင်းပါ"

"ဘာများလဲအမတ်ကြီးရဲ့.."

"အထွေအထူးတော့မဟုတ်ကြောင်းပါ..
အိမ်ရှေ့စံမှာအခုထိတိုင်ကြင်ယာတော်
မရှိသေးတော့.."

"အာ..ဟဟ..!အိမ်ရှေ့စံရဲ့ထိမ်းမြားဖို့ကိစ္စလား"

"မှန်လှပါမင်းကြီးဘုရား..အိမ်ရှေ့စံရဲ့အသက်
ရွယ်ဟာကြင်ယာတော်ရှိရမည့်အရွယ်ကျော် နေပြီမဟုတ်ပါလား.."

"ဟဟ..ဒါပေါ့..ကဲ.သားတော် ခမည်းတော်ကို ပြောပါဦးသားတော်သဘောကျတဲ့ သူများရှိပြီလား.."

ထိုသို့မေးတော့အိမ်ရှေ့စံကခပ်ဟဟရယ်ကာ ငြင်းလေသည်။

"မရှိပါဘူးခမည်းတော်ရယ်..သားတော် အဲ့ဒီကိစ္စတွေကိုအာရုံမထားမိပါဘူး"

"ဒါဆို..ခမည်းတော်တို့ပဲစီစဉ်ပေးရတော့မယ် ထင်တယ်။"

"ခမည်းတော်သဘောအတိုင်းပါ"

"မင်းကြီး..ကျွန်တော်မျုိးမလျှောက်တင်ပါရစေ"

မင်းကြီးဘေးတွင်ထိုင်နေသော မိဖုရားခေါင်ကြီးကပြောလာသည်။

"ကျွန်တော်မျိုးမကတော့လေ မင်အမတ်ကြီးရဲ့ သမီးလေးကိုသဘောကျတယ်မင်းကြီးရဲ့။မိန်းကလေးကထူးချွန်ထက်မြတ်ပြီး ယဉ်‌ေကျးသိမ်မွေ့တယ်။မင်းကြီးမှတ်မိလား.. ငယ်ငယ်ကသားတော်တို့နဲ့တောင်
လာကစားသေးတဲ့ကလေးမလေးလေ.."

"အာ..ဟုတ်ပြီ ဟုတ်ပြီ။ကဲ..မင်အမတ်..ဘယ်လိုသဘောရလဲ"

အကြံ‌ေပးအမတ်ကြီးမင်ထယ်ဟွမ်
မျိုးရိုးစဉ်ဆက်ချမ်းသာကြွယ်၀သူများ ဖြစ်ပြီးအာဏာလွှမ်းမိုးသူများလည်းဖြစ်
ကြသည်။လက်ရှိတွင်တော့မင်အမတ်ကြီးဟာ အမတ်များထဲတွင်အာဏာအရှိဆုံးဟုဆိုရမည်။
မင်းမျိုးနွယ်များပင်လျှင်အမတ်ကြီး၏ ကြိုးကိုင်မှုနဲ့မကင်းပေ။ယခုလည်းမိဖုရားကြီးက အိမ်ရှေ့စံအင်အားပိုတောင့်ရန် မင်အမတ်တို့၏အထောက်အပံ့ယူချင်နေ
ခြင်းဖြစ်သည်။

My Royal Doctor(U+Z)Where stories live. Discover now