Part-16

60 5 2
                                    

"အ့..!ရှီးးး"

"ဘာဖြစ်လို့ပါလဲသခင်လေး.."

မနက်စာစားနေရင်းနှုတ်ခမ်းကိုအုပ်ကာ နာကျင်ဟန်ဖြစ်နေသည့် ရှီဝန်းကိုဆယ်ဟိုကမေးလာသည်။

"မသိပါဘူးကွာ..မနက်ကအိပ်ယာနိုးတော့ နှုတ်ခမ်းကပေါက်နေတာ
ညကဘာကောင်ကိုက်သွားသေးလဲမသိဘူး။ ဆယ်ဟို..ငါချော်လဲသေးတာလား.."

"မလဲပါဘူး..ညကသခင်လေးမူးနေတော့ မင်းသားကိုယ်တိုင် ချီသွားပေးတာ."

ဘေးမှာ ငြိမ်ငြိမ်လေးမနက်စာစားနေသည့် လီဆွန်းဆီကို ရှီဝန်းရဲ့မျက်စောင်းကဒိုင်းခနဲရောက်လာသည်။

"ရှီဝန်းမမှတ်မိဘူးလား..ညကဘာဖြစ်ခဲ့လဲဆိုတာ.."

"အရမ်းမူးနေတော့..ဘာဖြစ်ခဲ့လဲသေချာမသိ~~
!!shitt..!!"

ရှီဝန်းပြောနေရင်းနဲ့မှအတွေးထဲကိုဖြတ်ခနဲဝင်လာတ
ဲ့ညကပုံရိပ်တွေကြောင့် စားပွဲကနေမတ်တပ်ထရပ်မိသည်။
လီဆွန်းရဲ့နှုတ်ခမ်းတွေကိုသကြားလုံးစားသလို ငုံထွေးစုပ်ယူပြီး နမ်းရှိုက်နေခဲ့တဲ့မိမိပုံရိပ်တွေ..ပြီးတော့..အသက်ရှူရပ်မတတ် ပြန်အနမ်းခံလိုက်ရတဲ့ပုံရိပ်တွေ~~
သေပါပြီချွဲရှီဝန်းရယ်..မင်း.အဲ့မင်းသားကိုတကယ်ကြီး
စနမ်းခဲ့တာလား..!!

"အဟင်းးပြန်မှတ်မိပြီထင်တယ်..မင်းပြောတဲ့ စတော်ဘယ်ရီသကြားလုံးဆိုတာလေး..ဘယ်လိုလဲ~စားဦးမလား"

လီဆွန်းရဲ့မထိတထိစကားကြောင့်ရှီဝန်းမျက်နှာမှာ ခရမ်းချဉ်သီးလိုရဲတွတ်နေလေပြီ။ပုံမှန်လိုဆိုသူဒီမင်းသားကို အော်မိမှာမှန်ပေမဲ့..အခုကကိုယ်ကစလွန်တာဆိုတော့လည်း..
အင်းးချွဲရှီဝန်းရေ..!!မင်းသေသင့်တယ်..!

ဟူးးဘာပဲဖြစ်ဖြစ်စိတ်လျှော့ထားချွဲရှီဝန်း..ငါတို့တည်တည်ငြိမ်ငြိမ်ပဲ ရင်ဆိုင်ရအောင်..!

ရှီဝန်းအမူအရာကိုပြန်ထိန်းပြီးခုံမှာပြန်ထိုင်လိုက်သည်။

"ညကအရမ်းမူးနေလို့ဖြစ်သွားတဲ့ကိစ္စပဲ..စိတ်ထဲထားမနေပါနဲ့ မင်းသား.."

လီဆွန်းမျက်နှာပျက်သွားသည်။စိတ်ထဲထားမနေပါနဲ့ တဲ့လားးမင်းကတကယ်ပဲဘယ်လိုမှမနေဘူးလားရှီဝန်း..!

My Royal Doctor(U+Z)Where stories live. Discover now