Part-4

156 15 0
                                    

မြို့ထဲကိုညီငယ်နဲ့အတူလျှောက်လည်ရင်း မိမိကို၀င်တိုက်လိုက်သောကိုယ်သေးသေးလေးတစ်ခု။သူကပဲအရင်၀င်တိုက်ပြီး သူကပဲ ဦးအောင် ရန်တွေ့နေသေးသည်။ထိုသူ၏ပံုစံနဲ့အ‌ေပြာအဆို‌ေကြာင့်
ရုတ်တစ်ရပ်မည်သူမှန်းမသိလိုက်ပေမဲ့ ထိူလူသားဟာမိမိ၏မိတ်ဆွေရှီ၀န်းပင်။

စစ်တိုက်သွားလိုက်တဲ့တစ်လအတွင်း
ရှီ၀န်းဘယ်လိုတောင်ပြောင်းလဲသွားပါလိမ့်။သွင်ပြင်အမူအယာအပြင် မိမိကိုကြည့်‌ေနကြ နူးညံ့သည့်အကြည့်များပင်မရှိတော့။
မဆုံဖူးသောသူစိမ်းများလိုပင် ဆက်ဆံကာလှည့်ထွက်သွားခဲ့သည်။
ထိုလူသားဆီဘာတွေများဖြစ်ခဲ့လိုပါလိမ့်..
စိတ်ထဲတွင်သေချာသိလိုက်တာတစ်ခု‌ကတော့
**ရှီ၀န်း..မင်းအရမ်းပြောင်းလဲသွားတယ်**
*
*
"အစ်ကိုတော်..!ပြင်ဆင်ပြီးပြီလားဗျ.."

အဆောင်ထဲကိုအသံပြုခြင်းမရှိ၀င်ရောက် လာတဲ့လီယောင်း..လီဆွန်းသူ့ညီတော်ကို ချိုသာစွာပြုံးပြလိုက်သည်။

"ပြီးပြီယောင်းလေး..သွားကြမလား"

"ဟုတ်"

ဒီနေ့နန်းတော်တွင်ပွဲတော်တစ်ခုကျင်းပမည်။
အစ်ကိုတော်ဖြစ်သူအိမ်ရှေ့စံက မိမိအတွက် ဂုဏ်ပြုပွဲကျင်းပပေးမည်ဆိုလာတော့ မငြင်းချင်တာကြောင့်လက်ခံခဲ့သည်။

တီးလုံးသံစဉ်မျိုးစုံအကမယ်ပေါင်းစုံဖြင့် ငြိမ့်ညောင်းစွာဖျော်ဖြေနေသည့် ဂုဏ်ပြုပွဲ ။
လီဆွန်းတစ်ယောက်ညီတော်နှင့်အတူ ပွဲခန်းမထဲ၀င်ရောက်လာသည်နှင့် အကအခုန်များခေတ္တရပ်စိုင်းကာအရိုအသေ ပြုကြသည်။

"""တတိယမင်းသားနှင့်မင်းသားငယ်..
ဂါရ၀ပြုပါတယ်"""

"လီဆွန်း..!ညီတော်လာပြီလား..အစ်ကိုတော်က မင်းကိုစောင့်နေတာ"

ပွဲတော်၏အမြင့်တစ်နေရာတွင်ထိုင်‌ေနသည့်
နဂါး၀တ်ရုံတော်၀တ်ဆင်ထားသော သူကလီဆွန်းကိုချိုသာစွာနှုတ်ခွန်းဆက်သည်။
ထိုသူကတော့ ဂျိုဆွန်းပြည်၏အိမ်ရှေ့စံ..

/အိမ်ရှေ့စံလီချန်း၊အသက် ၂၈
လီဘုရင်၏အကြီးဆုံးသားတော်။
လီဆွန်း၊လီယောင်းတို့နှင့် အဖေတူအမေကွဲ ညီအစ်ကိုတော်စပ်သူ/

My Royal Doctor(U+Z)Where stories live. Discover now