Part 3

2.3K 299 5
                                    

Unicode

ကောင်းကင်သည်ကား အပြာရောင်နုနုကိုအောက်ခံထားကာ
ဟိုတစ်စဒီတစ်စလွင့်မြောနေသော ဖြူလွလွတိမ်စိုင်လေးများပြေးလွှားနေပုံမှာ ​​​သေသပ်စွာ
ဆေးခြယ်ထားသည့် ပန်းချီတစ်ချပ်နှယ်......

ကြည်လင်နေသောရာသီဥတုနှင့်ဆန့်ကျင်စွာ
Mother's House ဆိုသော ဂေဟာဝန်းအတွင်းရှိ
အရိပ်အာဝသကောင်းသောအပင်ကြီးတစ်ပင်အောက်တွင် ထိုင်နေသည့်ကောင်လေးနှစ်ယောက်၏မျက်ဝန်းများသည်ကား အချိန်အခါမရွေးပြိုကျတော့မည့်မိုးတွေလို........

"မင်ထန်း.... မင်းတောင်မွေးစားခံရတော့မှာပဲနော်
ငါ....ငါလေ မင်းအတွက်ပျော်သင့်မှန်းသိပေမယ့်
ငါအရမ်းငိုချင်နေတယ် သိလား။
နောက်ဆုံးတော့ ငါ့နားမှာ ဘယ်သူမှမရှိတော့ဘူး။
အီး....ဟီး..ဟီး" ပြောရင်းဆိုရင်း ငိုချလိုက်သော
ဝူရန့်ကြောင့် မင်ထန်းစိုးရိမ်သွားကာ ဝူရန့်ကိုယ်လေးကို ဆွဲဖက်ရင်း နှစ်သိမ့်ပေးလိုက်သည်။

"မငိူနဲ့လေကွာ သူကမွေးစားမယ်ပဲပြော​သေးတာ
ငါက လိူက်မယ်လို့မှမပြောပဲ တိတ်....တိတ်"

"တကယ်လား"
"တကယ်ပေါ့ "
"ငါ့ကို ခွဲမသွားရဘူးနော် ငါ့မှာမင်းပဲရှိတာ"
တကယ်ပင် လီဝူရန်ဆိုသည့် သူ့တွင် ဒီသူငယ်ချင်းလေးတစ်ယောက်သာရှိလေသည်။
သူ့မိဘအရင်းတွေအကြောင်းသိချင်၍
မားကို မေးကြည့်တော့ သူနှစ်လသားအရွယ်မှာပဲ
ဂေဟာရှေ့တွင် မွေးနေ့ရက်စွဲနှင့်အတူမျိုးရိုးနာမည်လေးသာပါသည့်စာရွက်အပိုင်းအစလေးတစ်ခုနှင့်အတူထားခဲ့သည်တဲ့။ဒါကြောင့်ပင် သူ့နာမည်မျိုးရိုးက လီဖြစ်နေပြီး ဂေဟာရှိတခြားကလေးတွေနှင့်ကွဲ ပြားနေခြင်းဖြစ်သည်။

ဂေဟာရှိကလေးအတော်တော်များများသည် ဂေဟာမှူး၏ မျိုးရိုးနာမည်သာ ခံယူကြရသည်။ မင်ထန်းတွင်လည်း မျိုးရိုးမတူရခြင်းမှာ သူဇာတ်လမ်းနှင့်သူရှိသည်လေ။

အချိန်သည်ကား နေ့လည်စာစားသောက်ပြီး ကလေးများအိပ်စက်ရန်အချိန်သို့ကျရောက်လာလေသည်။မင်ထန်းလည်း အိပ်ယာဝင်ရန် ပြင်ဆင်နေချိန်၌ သူ့အခန်းသို့ သူနှင့်သိပ်မစိမ်းသည်က​လေး
တစ်ယောက်ပြေးလာတာကိုတွေ့လိုက်ရသည်။

I just wanna save you!!Please have mercy on me!!! Where stories live. Discover now