Part 28

3.2K 278 22
                                    

Unicode

ချိုက်မင်ထန်းသည်လွတ်နေသော
အိပ်ရာအစွန်းတွင်ဝင်ထိုင်လိုက်သည်။ပြီးနောက်
ပိုင်ချင်းယွီကိုမှောက်လျက်အနေအထားဖြစ်အောင်ပြုပြင်လိုက်သည်။အပြုအမူများကညင်သာလွန်းသဖြင့်ပိုင်ချင်းယွီကိုမနိုးသွားစေပါ။
ထို့နောက်တွင်ပိုင်ချင်းယွီ၏အကျ်ီတို့အားလှန်လိုက်သည်။ဖြူဖွေးသောကျောပြင်မှာနီတာရဲ
နေသည်။သို့သော်အညိုအမဲတော့မစွဲရှာသေး။

၎င်းနောက်ယူလာပြီးဘေးတွင်ချထားသည့်ဆေးဗူးကိုဖွင့်ကာသင့်တော်သောဆေးပမာဏကိုယူ
လိုက်သည်။ရှည်သွယ်ကာကြည့်ကောင်းသောလက်ဆစ်တို့ဖြင့်နီမြန်းသောကျောပြင်ငယ်အားနှိပ်နယ်ကာဆေးလူးတော့သည်။ဆေးကိုသေချာစွာစိမ့်ဝင်စေရန်လိုအပ်သလိုပိုင်ချင်းယွီလန့်နိုးသွားမည်လည်းစိုးရသည်ကြောင့် ချိုက်မင်ထန်း
လက်ကိုဖိ၍တစ်မျိုးဖော့၍တဖုံအထူးဂရုပြု၍လှုပ်ရှားနေရသည်။

အေးမြသောဆေး၏အထိအတွေ့ကနွေးနေသောအသားအရေပေါ်သို့ကျရောက်နေသောကြောင့်
ပိုင်ချင်းယွီသည်အလွန်စိတ်ကျေနပ်နေပုံရသည်။
နိုးမလာသော်လည်းခေါင်းအုံးနှင့်တစ်ဝက်ထိစပ်နေသောနှုတ်ခမ်းများသည်ပင်ပြုံးယောင်သမ်းနေသည်။

အိမ်မက်ထဲတွင်မာဆတ်ရောက်နေသောပိုင်ချင်းယွီသည် သူ့နောက်ကျောအားနှိပ်နယ်ပေးနေသောကောင်ချောလေးကြောင့်အိုး..အိုး...
အား..အား အော်ကာ သာယာနေပေသည်။သူမသိသည်က အိမ်မက်ထဲတွင်သာမကပြင်ဘက်လောကတွင်ပါ သူ့အားကောင်ချောလေးတစ်ယောက်ကနှိိပ်ပေးနေခြင်းကိုပင်။တော်သေးသည်က အိမ်မက်ထဲကလိုမျိုးအပြင်ဘက်တွင်
စိတ်ကျေနပ်မှုကြောင့်ထွက်ပေါ်လာသောထိုသိူ့
အသံများမထုတ်လွှင့်မိခြင်းပင်။မဟုတ်ပါကတကယ်ကိုရှက်ဖွယ်ပင်ဖြစ်လိမ့်မည်။

ဆေးလိမ်းပြီးသွားသောအခါချိုက်မင်ထန်းသည်
ပိုင်ချင်းယွီ၏ကိုယ်လေးကိုဟန်မပျက်ပြန်ချပေးလိုက်သည်။

"Good night"

နှုတ်ဆက်သံတိုးတိုးကအခန်းတွင်းပြန့်နှံသွားသော်လည်းပိုင်ချင်းယွီကမူနိုးမလာခဲ့ပါ။ထိူ့နောက်တွင်ချိုက်မင်ထန်းသည်အခန်းထဲမှတိတ်တဆိတ်ပင်ပြန်ထွက်သွားခဲ့သည်။

I just wanna save you!!Please have mercy on me!!! Where stories live. Discover now