Part 17

1.8K 259 13
                                    

Unicode

နောက်တစ်နေ့မနက်ခင်းကာလတွင်မူ ပိုင်ချင်းယွီ
ခေါင်းနောက်စွာနိုးလာခဲ့သည်။အစောပိုင်းကတည်းက နိုးခဲ့သော်လည်းခန္ဓာကိုယ်က အနည်းငယ်နုန်းနေသည်ဟုခံစားရသောကြောင့်
အားဖြည့်ရန်ပြန်အိပ်လိုက်ရသည်။ရုံးပိတ်ရက်ဖြစ်သောကြောင့် ကုမ္ပဏီကိုအရေးတကြီးသွားစရာအလုပ်လည်းမရှိပေ။ထို့ကြောင့်လည်း အေးအေးဆေးဆေး သက်သောင့်သက်သာနေရန်
နောက်ဆံမတင်းရခြင်းပင်။

မနက်စာလည်းဆင်းမစားဖြစ်ပေ။ယခုတော့ထပ်လည်းမအိပ်ချင်တော့သလို ဗိုက်ကလည်းအတော်လေးဆာနေပြီဖြစ်သောကြောင့်အောက်ဆင်းရန်သာဆုံးဖြတ်လိုက်သည်။
သူအောက်ထပ်သို့ဆင်းလာသောအချိန်တွင်
မည်သူမျှရှိမနေပေ။

သိူ့သော်ပိုင်ချင်းယွီ ထမင်းစားခန်းသို့ဝင်သည်နှင့်
ချိုက်မင်ထန်းနှင့်လီဝူရန်သည်အိမ်တော်ဝင်ပေါက်ဝမှဧည့်ခန်းသိူ့ဝင်ရောက်လာကြသည်။

ချိုက်မင်ထန်း လီဝူရန်ဆီသို့သွားလည်ရာ ထိုကောင်လေးက သူနေထိုင်ရာနေရာ သူ့အိမ်တော်ကိုကြည့်ချင်သည်ဟုဆိုလာသည်။တခါမျှမရောက်ဖူးသည့် ဝူရန်ကိုသူလည်းခေါ်လာခဲ့လိုက်သည်။ထိုကောင်လေးကတော့ သူဤအိမ်တော်သို့ပထမဆုံးရောက်သည့်နေ့က ရီအက်ရှင်အတိုင်းပြုမူနေသည်။ပါးစပ်လေးအဟောင်းသားဖြင့်ပေါ့။

အချိန်များမသိမသာကုန်ဆုံးလာခဲ့သော်လည်း အိမ်တော်၏ပုံစံသည် သူစရောက်သည့်နှစ်ကအတိုင်း ခမ်းနားမြဲ၊တောက်ပြောင်ဆဲပင်။မတူညီသည့်အရာဟူ၍ အိမ်တော်အရှေ့ခြံထဲတွင် လှပသောပန်းပင်များသည် ကွဲပြားသောအရောင်စုံပန်းများကိုဖူးပွင့်ရွှင်လန်းစေကာ စိမ်းလန်းသောအလှစိုက်အပင်များကလည်း တိုးသည်ထက်တိုးပွားလာခြင်းဖြစ်သည်။
ယခုဆိုလျှင် အိမ်တော်သည်ယခင်ကထက်စိမ်းလန်းစိုပြေနေကာ အပန်းဖြေချင်စရာပင်ကောင်းလှသည်။

"မင်ထန်း မင်းရဲ့အကိုကပန်းကြိုက်တာလား။
ဒီကိုလာတုန်းကလည်း ခြံရှေ့မှာပန်းပင်တွေအများကြီးတွေ့ခဲ့တယ်။"

လီဝူရန်က ဧည့်ခန်းထဲရှိနံရံနားတွင်ကပ်ကာ
ဖန်ပြားတန်းပေါ်တွင် အလှဆင်ထားသောကြွေအိုးရှည်ရှည်ထဲတွင်ရောက်နေကြသော လီလီပန်းများကို တယုတယကိုင်လျက်မေးနေခြင်းဖြစ်သည်။အဝါနုရောင်ကြွေအိုးထဲတွင် အဖြူရောင်လီလီပန်းများက ငွားငွားစွင့်စွင့်။၎င်းအပြင် ခပ်ချိုချိုပန်းရနံတို့က အနီးကပ်ရှူရှိုက်ကြည့်မှသာ မွှေးလိမ့်မည်။

I just wanna save you!!Please have mercy on me!!! Where stories live. Discover now