Part 12

1.8K 253 3
                                    

Unicode

အရှေ့အရပ်မှတစ်စွန်းတစ်စထွက်ပေါ်လာပြီဖြစ်သော သူရိန်နေမင်းကြီးသည် လောကကြီးအားအလင်းဆောင်ရန်တာစူနေပြီး အရုဏ်ဦးသည်
မြူမှုန်ကင်းကာ တိတ်ဆိတ်အေးချမ်းနေသည်။
သို့သော် လီအိမ်တော်၏အိမ်တော်တွင်ကား
ထိုသဘာဝတရားကြီးနှင့်လုံးဝဆန့်ကျင်နေပေသည်။

*ခွမ်း*
အနုစိတ်ပန်းဒီဇိုင်းဖြင့်ဆွဲထားသော တန်ဖိုးကြီးကြွေထည်လက်ဖက်ရည်ခွက်လေးသည်
နံရံပေါ်သို့ အညှာတာမဲ့စွာ
ပစ်ပေါက်ခံလိုက်သည်။

"ဘာလို့လဲ!ဘာလို့ဒီလိုလုပ်ရတာလဲ!"

လီအိမ်တော်၏သခင်ကြီးဖြစ်သူ လီဟောက်ပင်း၏အဖေသည် ဒေါသကြောင့် မျက်လုံးများသည်နီရဲ​နေကာမျက်နှာတစ်ခုလုံးသည်လည်း အကျည်းတန်နေသည်။တနည်းဝမ်းနည်းနေဟန်လည်းတွေ့ရသည်။

"ငါဘယ်တုန်းကမှ လူကြီးမင်းဟွမ်းကိုမဆန့်ကျင်ဖူးဘူး! သူသဘောကျအောင်နေပေးခဲ့တာချည်းပဲ!ဒါနဲ့များဘာလို့ ငါ့ကို လုပ်ရက်ရတာလဲ"

သူ့ကိုယ်သူပြောနေတာ ဖြစ်နိုင်သလို ဘေးရှိမျက်နှာမသာမယာဖြစ်နေကာ မျက်ရည်စွက်နေသောဇနီးဖြစ်သူအားပြောတာလည်း
ဖြစ်နိုင်သည်။

"ဒါကဘယ်လိုများဖြစ်ရတာလဲ!
ကျွန်မလည်း မသိတော့ဘူး!"

ရှိုက်သံတိုးတိုးနှင့်ပြောနေသော
မဒမ်ပင်း၏မျက်နှာသည် မြင်နေကျ
မောက်မာသောအရိပ်အရောင်များပျောက်ကာ
အမှန်ပင်သနားစရာကောင်းလှသည်။

"ရှင် လူကြီးမင်းဟွမ်းအပြင်တခြားသူကိူများ
ဆန့်ကျင်မိသေးလား!ဥပမာလူကြီးမင်းဟွမ်းဘေးက သူတစ်ယောက်ယောက်ကိုပေါ့!"

"ဟင့်အင်!ငါက အကဲပါးလို့ဒီအခြေအနေထိရောက်လာတာ!သူ့ဘေးကတစ်ယောက်ယောက်ကို ဆန့်ကျင်မိဖို့ဆိုတာ မဖြစ်နိုင်ဘူး!"

"မီးကိုမခြစ်ပဲနဲ့တော့
မီးကသူ့အလိုလိုထမတောက်ဘူး"

"ဒါဆိုမင်းရော
တစ်ယောက်ယောက်ကိုအပြစ်ပြုမိလား?
စဥ်းစားစမ်းပါ!"

"ကျွန်မကလည်း ဘယ်သူ့ကိုဆို
ဘယ်လိုမျိုးဆက်ဆံရမယ်ဆိုတာ
ကောင်းကောင်းသိတာမလို့ !မဖြစ်နိုင်ဘူး"

I just wanna save you!!Please have mercy on me!!! Where stories live. Discover now