Part 10

1.9K 237 2
                                    

Unicode

ရှန်းလျန်အထက်တန်းကျောင်း၏စည်းကမ်းထိန်းသိမ်းရေးရုံးခန်းထဲတွင် ကောင်လေးတစ်ယောက်က မတ်တပ်ရပ်နေရပြီး ကျန်ကောင်လေးတစ်ယောက်ကတော့ နူးညံ့သော
ထိုင်ခုံပေါ်တွင်အေးဆေးစွာထိုင်နေရသည်။သို့သော်လည်း ဒဏ်ရာကြောင့် ရှုံ့မဲ့နေသည်။

ထိုင်​နေသောကောင်လေး၏မျက်နှာပေါ်တွင်
ဆေးထည့်ထားသော်လည်း ဒဏ်ရာဒဏ်ချက်များမှာ ဖူးရောင်နေပြီး လက်တစ်ဖက်က ကျောက်ပတ်တီးစည်းထားသည်။

စည်းကမ်းထိန်းသိမ်းရေးဆရာသည် အရှေ့လျှောက်လိုက်အနောက်လျှောက်လိုက်လုပ်နေသည်။အသက်သုံးဆယ်စွန်းစွန်းအရွယ် အတန်းပိုင်ဆရာမလည်း မျက်နှာမသာမယာနှင့်ရှိနေသည်။

မကြာမီပင်အခန်းထဲသို့ကျောင်းအုပ်ကြီးနှင့်အတူ
အထက်တန်းလွှာအမျိုးသမီးတစ်ယောက်ရောက်ရှိလာသည်။ထိုအမျိုးသမီးသည် ကျော့​ရှင်းဟန်အပြည့်ဖြင့် ဝင်ရောက်လာသော်လည်း ထိုင်နေသောကောင်လေး၏ ဒဏ်ရာများကိုမြင်သောအခါ မျက်နှာထားသည် တမုဟုတ်ချင်း
ပျက်ယွင်းသွားပြီးသားဖြစ်သူဆီသို့ အပြေးပင်ရောက်လာတော့သည်

"အမလေး အမေ့သားရယ်!...."
ရောင်ကိုင်းနေသော မျက်နှာကိုကြည့်ကာ
ဒေါသတွေထွက်လာသည်။ချစ်လွန်းလို့
သူမတောင် လက်ဖြင့်မရွယ်ဘူးသော ကလေးကို
ရာရာစစ ဘယ်သူကလုပ်ရဲရတာလဲ....
ဘေးနားရှိမတ်တပ်ရပ်နေသော ကောင်လေးသည် သူမသားကို ဤကဲ့သို့ကိုယ်ထိလက်ရောက်
လုပ်ရဲသူပင်ဖြစ်လိမ့်မည်။ထို့နောက် တရားခံကလေးကို လက်ညိုးထိုးလျက် ကျောင်းအုပ်ကြီးဘက်ကိုလှည့်ကာ ပြောလိုက်သည်။

"ကျောင်းအုပ်ကြီး ဒီကလေးကိုကျောင်းထုတ်ပေးပါ"

"ဟို ဒါကတော့ တစ်ဖက်ကလေးရဲ့မိဘလာမှ
ဆုံးဖြတ်ကြည့်ပါလား? အပြစ်ဒဏ်ကတော့ သေချာပေါက်ပေးမှာဆိုပေမယ့် ကျောင်းထုတ်တာက ဒီကလေးရဲ့အနာဂတ်ကို သက်ရောက်လွန်းသွားလိမ့်မယ်"

အကယ်၍သူတို့ကျောင်းလို ထိပ်တန်းကျောင်းကနေတစ်ယောက်ယောက်ကိုသာ ကျောင်းထုတ်လိုက်ပါက ထိုကလေး၏အနာဂတ်တွင် တစ်သတ်လုံး မှင်နီရာပါသွားမှာဖြစ်သည်။

I just wanna save you!!Please have mercy on me!!! Where stories live. Discover now