Part 14

1.8K 257 5
                                    

Unicode

'ဘုတ်'

'အ'

ချိုက်မင်ထန်းသည် ပိုင်ချင်းယွီကိုအောက်ထပ်သို့ရှာရန်လှေကားမှအဆင်း အပေါ်ထပ်သို့အဆောတလျင်တက်လာသောပိုင်းချင်းယွီနှင့်တိုက်မိကြလေသည်။လှေကားသည် အိပ်တော်အပေါ်ထပ်စကြလမ်းဘယ်ဘက်ပိုင်းတွင်တည်ရှိပြီး ကြောင်လိမ်လှေကားအမျိုးအစားဖြစ်သည်။

ပိုင်ချင်းယွီသည် စာကြည့်ခန်းတွင်ကြည့်ရှူခဲ့ရသောဗွီဒီယိုဖိုင်မှဒေါသသည်ကား အရှိန်မပျက်ပြယ်သေးသောကြောင့်ခြေလှမ်းများသည်
ပိုမှန်ထက်လျှင်မြန်နေသလိုချိုက်မင်ထန်း၏ရုတ်တရတ်ဆန်ဆန်ထွက်ပေါ်လာမှုကြောင့်နှစ်ဦးသားဝင်တိုးမိကြခြင်းဖြစ်သည်။
ပိုင်ချင်းယွီ၏ညာဘက်ခြေထောက်သည် လှေကားထိပ်ဆုံးသို့ရောက်ရန် ခြေတလှမ်းအလိုရှိလှေကားထစ်ပေါ်တွင်ဖြစ်ပြီး
ဘယ်ခြေသည်လေထဲတွင်တန်းလန်းဖြစ်နေလေကာ အန္တရာယ်ကိုအလိုလိုသိသောလူသားတို့၏အသိစိတ်အရ ညာလက်အနီးရှိမဟော်ဂနီရောင်လှေကားရန်းကိုဆုပ်ကိုင်လိုက်မိခြင်းနှင့်အတူခန္ဓာကိုယ်သည်လည်းတစ်စုံတစ်ယောက်၏
ခပ်တင်းတင်းဆွဲယူခြင်းကိုခံလိုက်ရသည်။

ချိုက်မင်ထန်းသည် သူ့ကိုဝင်တိုက်လာသော
အနှီပုဂ္ဂိုလ်မတော်တဆပြုတ်ကျသွားမည်ကိုစိုးလှသောကြောင့် အလျင်အမြန်ပင်လက်ကိုဆန့်ကာ ခါးကိုဆွဲဖက်လိုက်မိသည်။မကျဥ်းမကျယ်ခပ်သွယ်သွယ်ခါးသည်သူ၏လက်ထဲတွင်အသာအယာပါလာသည်။ခန္ဓာကိုယ်နှစ်ခုသည် အလွန်အမင်းနီးကပ်နေလေကာ တစ်ယောက်၏
အသက်ရှူသံကိုပင်တစ်ယောက်ကြားနေရသည်။ရင်ဘတ်ခြင်းထိစပ်နေလေရာ တစ်ဖက်လူ၏နှလုံးခုန်သံခပ်ပြင်းပြင်းကိုလည်း ကြားနေရပြန်သည်။ထို့အတူ လဲ့သောပယင်းရောင်မျက်ဝန်းတစ်စုံနှင့်မှင်နက်ရောင်မျက်လုံးတောက်တောက်တို့သည်လည်း ထိပ်တိုက်တွေ့ကြလေသည်။

နှစ်ယောက်လုံးမှာကြောင်အနေလေရာ မည်သူကမှလှုပ်ရှားမှုမပြုသကဲ့သို့ အရာအားလုံးရပ်တန့်​နေသလိုမျက်ဝန်းနှစ်စုံမှာလည်း
ဆုံတွေ့လျက်သားပင်.....

နစ်မြုပ်နေသောစက္ကန့်ပိုင်းကာလမှ မျက်မှောက်ကာလသို့ဦးစွာပြန်လည်ရောက်ရှိလာသူမှာ
ပိုင်ချင်းယွီဖြစ်သည်။ထို့ကြောင့် ညာလက်က လက်ရန်းကိုကိုင်ထားရသည်ဖြစ်၍အားနေသောဘယ်လက်ဖြင့် သူ့ကိုဖက်ထား​သော
ချိုက်မင်ထန်း၏လက်မောင်းရင်းကို
ခပ်ဖွဖွတွန်းလိုက်တော့
"ဆောရီး လိမ့်ကျသွားမှာစိုးလို့"
ဆိုကာ လွှတ်ပေးလေရဲ့။

I just wanna save you!!Please have mercy on me!!! Where stories live. Discover now