Part 11

1.8K 260 5
                                    

Unicode

မီးခိုးရင့်ရောင် ဖြောင့်ဖြူးသောလမ်းမထက်ဝယ်
ကားလေးများသည် သွားလာလှုပ်ရှားနေကြပြီး
အနီရောင်ပြောင်းလဲသွားသော မီးပွိုင့်ကြောင့် ရပ်တန့်သွားရသည်။

အိမ်ကိုပြန်သောလမ်းပေါ်တွင်ဖြစ်ပြီး ကားအတွင်းဝယ်တိတ်ဆိတ်နေသည်။
အတွင်းရေးမှူးရှင်းသည် ရှေ့ခန်းတွင်
ကားမောင်းနေကာ နောက်ထိုင်ခုံပေါ်တွင်
ပိုင်ချင်းယွီနှင့်ချိုက်မင်းထန်းတို့
အတူထိုင်နေကြသည်။

တိတ်ဆိတ်မှုကိုချိုက်မင်းထန်းက စတင်ကာဖြိုခွဲလိုက်သည်။

"ကျွန်တော်ကတော့
လုံးဝတောင်းပန်မှာမဟုတ်ဘူး"

"အင်း"

"ခင်ဗျားသူတို့ကိုပြောခဲ့တာကို
ခင်ဗျားဘာသာရှင်း"

"အင်း"

"ကျွန်တော်ဘက်က မမှားဘူးမလို့"

"အင်း"

"ကျွန်တော်မမှားဘူးလို့"
ချိုက်မင်ထန်း သူစကားပြောနေသည်က်ို
စိတ်ဝင်စားဟန်မပြဘဲ တအင်းအင်းလုပ်နေတာမလို့ စိတ်တိုပြီးလေသံနည်းနည်းမာသွားကာ ထိုသူ့ကိုစူးစူးစိုက်စိုက်ကြည့်လိုက်သည်််။

လမ်းမဘက်ကိုကြည့်နေပြီး
အတွေးထဲနစ်မြောနေသည့် ပိုင်ချင်းယွီက
ချိုက်မင်ထန်းဘက်ကိုလှည့်ကာ
ပြောလိုက်သည်။

"ငါမင်းကိုယုံတယ်"

ထိုသူပြောလိုက်သည့် စကားခွန်းကြောင့်
သူ၏မျက်နှာအမူအရာသည်
သိသိသာသာမပြောင်းသွားသော်ငြား
လှပလုံးဝိုင်းသော
အနက်ရောင်မျက်ဝန်းတို့တွင်တော့
အံ့သြရိပ်များ ဖြတ်သန်းသွားသည်။
ထိုသူက သူ့ကိုယုံတယ်တဲ့လား။
စကားတွေလည်း ဖောင်ဖွဲ့ကာမပြောဖူးသလို
တရင်းတနှီးလည်းမနေဖူးတဲ့ ထိုသူက
သူ့ကို ယုံတယ်တဲ့လား။
သူ့ဘက်ကမမှားဘူးဆိုပေမယ့်အများအမြင်မှာတော့ သူကသာရိုက်နှက်ခဲ့သူလေ။ဒါကို ထိုသူက
သူမမှားဘူးပြောရုံနဲ့ ယုံတယ်တဲ့လား။
အကြောင်းပြချက်တစုံတရာ
မပေးရသေးပဲနဲ့လေ။

ချိုက်မင်ထန်းလည်း သူ့ကိုစိုက်ကြည့်နေသော
မျက်ဝန်းအိမ်တို့ကို မပယ်ရှားပဲ ငေးကြည့်ခဲ့မိသည်။တကယ်တော့ သူသည်အကြောင်းအရာတစ်ခုကို စဥ်းစားနေခဲ့၏။
ထိုကလေးပြောသံကိုကြားသော်လည်း အင်းတစ်လုံးသာ တုံ့ပြန်မိခဲ့သည်။
အကျိူးဆက်ကားတော့ အငယ်တစ်ယောက်၏ လေသံမာမာပြောခြင်းကိုခံလိုက်ရသည်။

I just wanna save you!!Please have mercy on me!!! Where stories live. Discover now