Part 24

1.7K 230 13
                                    

Unicode

" မင်းဘယ်သူလဲ?"

အမျိုးသမီး၏အသံကြောင့်ကုတင်ပေါ်တွင်လှဲနေရသောရှောက်ကျစ်ပင်း၏ပိတ်ထားသော မျက်လုံးများပွင့်ကျလာသည်။ပက်လက်အနေထားဖြင့်လှဲနေသောရှောက်ကျစ်ပင်းကထိုင်ချင်သည့်အတွက်ထတော့သည်။ခက်ခက်ခဲခဲထနေရသောသူမသား၏အခြေအနေကိုသတိပြုမိသွားသော အမျိုးသမီးသည်ကုတင်ဘေးအမြန်ပြေးကာကူညီထူမတော့သည်။

အဆင်ပြေသည့်အနေအထားဖြင့်ထိုင်ပြီးသောအခါရှောက်ကျစ်ပင်း၏မျက်လုံးများက အခန်းတွင်းရှိသစ်သီးခြင်းကိုကိုင်ကာရပ်နေသောပိုင်ချင်းယွီအပေါ်ကျရောက်သွားသည်။

သားဖြစ်သူ၏အကြည့်ကြောင့်အမျိုးသမီးလည်းသတိရသွားကာပိုင်ချင်းယွီကိုယခုနားကအတိုင်းတူညီသောမေးခွန်းအားမေးလာသည်။

"မင်းဘယ်သူလဲလို့မေးနေတယ်လေ?"

သူမအမေးအားပိုင်ချင်းယွီမဖြေလိုက်ရသေးခင်
ရှောက်ကျစ်ပင်းအပြုံးတစ်ခုနဲ့ဦးစွာပြောကြားလာသည်။

"ကျွန်တော့သူငယ်ချင်းပါအမေ!"

၎င်းအဖြေကြောင့်ပိုင်ချင်းယွီမျက်ခုံးတို့ကိုပင့်တင်လိုက်မိသည်။

"အို....အမေတစ်ခါမှမမြင်ဖူးလို့ပါကွယ်"

အမျိုးသမီး၏နူးညံ့သောအသံကမိခင်မေတ္တာကိုညွှန်းဆောင်နေသည်။

"အမေ!!ကျွန်တော်က ကလေးသေးသေးလေးမှမဟုတ်တော့တာ အသက်နှစ်ဆယ်ကျော်ယောကျာ်းတစ်ယောက်ဖြစ်နေပါပြီ!ကျွန်တော့သူငယ်ချင်းတစ်ယောက်ချင်းစီတိုင်းကိုအမေသိစရာမလိုပါဘူးဗျာ။အခုကျွန်တော့်သူငယ်ချင်းနဲ့နှစ်ယောက်ထဲစကားပြောချင်လို့အမေအပြင်
ခဏထွက်ပေးပါလား?"

သားကိုအလိုလိုက်ထားသောအမျိုးသမီးက
ယခုလည်းရှောက်ကျစ်ပင်းအလိုအရအပြင်ဘက်သို့ထွက်သွားလေသည်။မသွားခင်ပိုင်ချင်းယွီအားမယုံသက်ာဖြစ်သလိုအကြည့်များနှင့်လည်း
ကြည့်သွားသေးသည်။

"ထိုင်ပါဦး!!"

ခေါင်းတွင်ပတ်တီးအဖြူကိုစည်းနှောင်ထားသော
ရှောက်ကျစ်ပင်းကမိတ်ဆွေတစ်ယောက်အား
ဖော်ရွေမှုပြုသည့်နှယ်ပြောလာသည်။ခေါင်းတွင်သာမက မျက်နှာတွင်လည်းဒဏ်ရာဒဏ်ချက်များရှိနေသည်။အထိခိုက်ဆုံးအပိုင်းကတော့ ခြေထောက်ပင်ဖြစ်သည်။ဘယ်ဘက်ခြေထောက်သည်ကျိုးသွားခဲ့သဖြင့်လောလောဆယ်ကျောက်ပတ်တီးစီးထားသည်။

I just wanna save you!!Please have mercy on me!!! Where stories live. Discover now