Part 7

1.8K 256 2
                                    

Unicode

"ချိုက်မင်ထန်း.....ချိုက်မင်ထန်း "

"ချိုက်မင်ထန်း......ချိုက်မင်ထန်း "

"ချိုက်မင်ထန်း... ကြိုးစားထား"

ရှန်းလျန်အထက်တန်းကျောင်း၏အားကစားကွင်းထဲမှ အားပေးသံများမြိုင်ဆိုင်စွာ ထွက်ပေါ်နေသည်။

ကွင်းလယ်တွင် နှစ်ဖက်အသင်းမှ ကစားသမားဆယ်ယောက်ရှိသော်လည်း မိန်းကလေးအများစု၏အကြည့်သည်ကား ကောင်လေးတစ်ယောက်
ထဲထံတွင်သာ။ သေချာပေါက် မိန်းကလေးများတင်မဟုတ်ပေ  ယောင်္ကျားလေးအချို့ပါ ပါဝင်သေးသည်။

နေရောင်အောက်မှာ ဘက်စကတ်ဘောကစားနေသောကောင်လေး၏ခန္ဓာကိုယ်မှထွက်သော
ချွေးစက်များသည်ပင် မိန်းကလေးများအား အလွန်အမင်းဆွဲဆောင်လျက်ရှိသည်။
စိတ်လှုပ်ရှားမှုတစ်စုံတစ်ရာမရှိဘဲ ကစားပွဲကိုသာအာရုံထားလျက် ကစားနေပုံက ဘေးမှဆူညံစွာအားပေးနေသောအသံများကို အသားကျနေဟန်.......

"အိုး...မို ချောလိုက်တာဟယ်"

"အား...ငါ့နတ်သားလေး"

"ငါ့ကောင်လေးသာ ဖြစ်လိုက်ပါတော့"

"သူနဲ့တခါတွဲရရင်ကို  သေပျော်ပါပြီဟာ"

"ဘုရားသိကြားမလို့ ကောခုန်ပြီးဂိုးသွင်းလိုက်တို​င်းန အကျီလေးပါလန်သွားပါစေ ကျောင်းနတ်ဘုရားရဲ့ ချောကလတ်တုံးတွေကြည့်ချင်လို့ပါ"

"ငါကြားတာတော့ ကျောင်းနတ်ဘုရားရဲ့အရပ်က
1.83mရှိတယ်တဲ့"

"အထက်တန်းဒုတိယနှစ်ပဲရှိသေးတာတောင် အဲ့လောက်ရှိပြီလား တကယ်ကို နတ်ဘုရားဂုဏ်ပုဒ်နဲ့ညီတာပဲ"

အားပေးနေသော ကျောင်းသူအချို့ထံမှ ထွက်ပေါ်လာသောစကားများပင်ဖြစ်သည်။

ထိုစကားများနှင့် ဆန့်ကျင်စွာထွက်ပေါ်လာစကားတစ်ခွန်း....
"ကျစ် တန်းခွဲAရှုံးပါစေ"

"အကိုကြီးလီကလည်း ကျွန်တော်တို့အခန်းရှုံးရင် ကျွန်တော်တို့လည်း မျက်နှာပျက်ရမှာပေါ့.."
ဘေးနားမှ ကောင်လေးက ယဥ်ကျေးစွာပြောလာသော်လည်း ထိုသူ့ထံမှ ခပ်စူးစူးအကြည့်တစ်ချက်ကြောင့် လုံးဝပါးစပ်ပိတ်သွားလေသည်။

I just wanna save you!!Please have mercy on me!!! Donde viven las historias. Descúbrelo ahora