Part 19

1.7K 233 24
                                    

Unicode

*Golden Egg ခေါ် ရွှေဥ,ဥတမ်း* ဟူသည်မှာ ပိုင်ချင်းယွီတို့မြို့ငယ်လေးတွင် ယခင်ကတည်းကကလေးအများစုဆော့ကြသောဘောလုံးဖြင့်ကစားရသော ကစားနည်းလေးတစ်ခုသာဖြစ်သည်။

အသင်းနှစ်သင်းဖွဲ့ကာ ယှဥ်ပြိုင်ကစားရပြီး
တစ်သင်းလျှင်အနည်းဆုံးနှစ်ဦးခန့်ပါဝင်ရသည်။ပထဦးစွာ ကစားရမည့်အကျယ်အဝန်းကွင်းအနေဖြင့်အလျားတစ်ကီလိုမီတာနှင့်အနံလေးကီလိုမီတာခန့်ရှိသောလေးထောင့်ပုံစတုဂံတစ်ခုကိုရေးဆွဲရသည်။

ပိုင်ချင်းယွီတို့သင်ကြားတက်ရောက်နေသည့် ကျောင်းဝန်းထဲတွင် ကလေးများဆော့လေ့ရှိသောကစားကွင်း၌ ထုံးဖြူးထားသောလိုင်းများပါရှိ​သည့်စတုဂံတစ်ခုကရှိပြီးသားဖြစ်၍ထိုအတွက်ပူရန်မလိုပေ။ဘောလုံးတစ်လုံးဖြင့်ပစ်ပေါက်ရသည့် ဂိမ်းဖြစ်ပြီးကလေးများဆော့ကစားရန်သာဖြစ်သည့်အတွက် ကလေးများကိုင်သည့်ပေါ့ပါးသည့်ဘောလုံးငယ်သာဖြစ်ရမည်။

ယှဥ်ပြိုင်သည့်အသင်းနှစ်သင်းတွင် တိုက်စစ်နှင့်ခံစစ်ဟူ၍တစ်သင်းစီတာဝန်ခွဲယူရမည်။တိုက်စစ်ဆော့ရမည့်အသင်းAမှကစားသမားနှစ်ဦးသည်
မြေပြင်ပေါ်မှစတုဂံ၏အလျားတစ်ဘက်တစ်ချက်တွင်ရပ်ရမည်ဖြစ်ပြီး ထိုမျဥ်းနှစ်ခုကိုစည်းဟုခေါ်ဆိုကြသည်။လိုင်းတစ်ဘက်တွင်ရပ်နေသော အသင်း Aမှပထမကစားသမားသည် အလယ်ရှိ ခံစစ်အသင်းBအားထိမှန်အောင်ပစ်ရမည်ဖြစ်ပြီး မမှန်ခဲ့ပါက ဒီဘက်ထိပ်မှဒုတိယကစားသမားက အလယ်မှBအသင်းသားကို
တဖန်ပြန်ပစ်မည်ဖြစ်သည်။

ခံစစ်မှအသင်းBကစားများသည် တစ်ဦးထဲဖစ်စေ နှစ်ဦးလုံးပင်ဖြစ်စေ စည်းအတွင်းတွင်နေကာ
အသင်းAမှပစ်သောဘောလုံးကိုမထိအောင်ရှောင်ရမည်ဖြစ်သည်။ခံစစ်အသင်းB၏အားသာချက်မှာ စည်းအပြင်မထွက်သရွေ့ မိမိကြိုက်သည့်တည်နေရာကိုပြောင်း၍ နေနိုင်သည်။သို့မှသာ ဘောလုံးထိမမှန်မှာဖြစ်မည်။

ထို့အပြင်ဘောလုံးကိုရှောင်နိုင်ရုံအပြင်နောက်ထပ်ပြုလုပ်နိုင်သော chanceတစ်ခုလည်းရှိသည်။အသင်းAမှပစ်လိုက်သော ဘောလုံးအားလက်နှစ်ဘက်ဖြင့် မိအောင်ဖမ်းရမည်ဖြစ်သည်။
ဘောလုံးသည်မိမိလက်ထဲရောက်လာပါက *ရွှေဥ*ဟုအော်ရမည်ဖြစ်ပြီးမိမိတို့အသင်းမှတစ်မှတ်ရသွားပြီဖြစ်သည်။၎င်းကြောင့်ဂိမ်း၏အ
မည်ကို ရွှေဥ ဟုခေါ်ကြခြင်းဖြစ်သည်။

I just wanna save you!!Please have mercy on me!!! Where stories live. Discover now