Ep 6

1.7K 121 6
                                    

Zawgyi

_ဟယ်လို ခွန်းပိုင်ရေ ကယ်ပါအုန်း

_ဟမ် စိုင်း!! ဘာဖြစ်လို့လဲ ဘာဖြစ်လို့လဲ စိုင်းဖြေအုန်း

အိပ်ပျော်နေရာမှဖုန်းသံကြားလို့ကိုင်လိုက်ရမှာကိုင်လိုက်ရချင်းချင်းစိုင်းရဲ့ခွန်းပိုင်ကယ်ပါအုန်းဆိုတဲ့အသံကြောင့်အိပ်ချင်မူတူးဖြစ်တာတွေပျောက်စိုးရိမ်စိတ်ကကြီးစိုးလာသည်။

_အိပ်မရလို့

_ဘာ!! ချီးဘဲဟျောင့် ငါလန့်သွားတာဟ

_ခွန်းခွန်းကလည်း သူအိပ်မရတုန်းကကျဖုန်းဆက်ပြီး

_အေးအေး မင်းအိပ်မရတော့ဘာလုပ်ပေးရမှာလဲ

_ဟဲဟဲ အဲ့လိုမှပေါ့ကွာ  ငါမနက်ဖြေဖြေရမဲ့စာမေးပွဲကြောင့်လေ

_စာမရသေးဘူးးလား မင်းခွေးဖြစ်မှာနော်

_စကားဆုံးအောင်နားထောင် မင်းဘိုအေတဲ့

_အေးပါ ပြောပြော လူအိပ်ချိန်နော်

_ငါသီတယ် သီချင်းဆိုပြမလားဟင် လုပ်ပါနော် ခွန်းခွန်းကစိုင်းကိုသီချင်းဆိုပြပါနော် နော်

{အားးးစိုင်းလာချွဲနေတာလား ဟူးးးရင်တွေပါတုန်ကုန်ပြီ }

တစ်ဖတ်သတ်ချစ်နေရသူမလို့ကိုယ်ချစ်တဲ့သူတောင်းဆိုတာကိုငြင်းနိုင်ရော့လား။ချွဲပြီးပြောနေတော့ငြင်းဆန်ဖို့နေနေသာသာမင်းအတွက်ဆိုအကုန်ဖြည်ဆည်းပေးမှာ။

_ဆိုပြမယ်

_အေးအဲ့လိုမှပေါ့ကွာ အဲ့တာကြောင့်ခွန်းခွန်းကိုစိုင်းကချစ်တာ

ခွန်းပိုင်ခနလောက်ကမ္ဘာကြီးနဲ့အဆက်သွယ်ပြတ်သွားသည်။ကြားလိုက်ရတဲ့စကားကသူ့ကိုရင်ခုန်စေသလိုကမ္ဘာကြီးနဲ့တောင်ခနလောက်အဆက်သွယ်ပြတ်သွားစေသည်။

_ဆိုပြလေကွာ ဒီမှာရုပ်ချောကြီးနဲ့နွဲ့ပြထားရတာကို

_အေးအေး

စိုင်းကဂီတာလေးတခုကိုသဘောကျတယ်လို့ပြဖူးတာကြောင့်လက်ဆောင်ပေးဖို့ဝယ်ထားခဲ့တာလေးသူ့မွေးနေ့မှာလဲမပေးဖြစ်ခဲ့။သူ့မာမီကသူဂစ်တာတီးတာမကြိုက်လို့။

Love is blind(completed)Where stories live. Discover now