zawgyi
''ငါ နွယ်နဲ့ချစ်သူတွေဖြစ်သွားကြပြီ´´
''ဘာ!´´
''အဆင်ပြေရဲ့လား´´
မပြေဘူး!!!။ငါလုံးဝအဆင်မပြေဘူး!!!စိတ်ထဲမှာအော်ဟစ်နေခဲ့ပင်မဲ့ငါကအသဲမာသလိုဟန်ဆောင်ပေအုန်းမယ်။
''ပျော်လား စိုင်း မင်းပျော်ရင်ရပြီ´´
ပျော်လားလို့မေးနေတုန်းမင်ရဲ့ပြုံးနေတဲ့မျက်ဝန်းတွေကိုကြည့်တာနဲ့တင်ငါအဖြေသိလိုက်ရပြီ။
''တောင်းပန်ပါတယ်´´
''ဘာအတွက်လဲ´´
''ပြန်မချစ်..´´
''တော်စမ်းစိုင်း ပြန်မချစ်တဲ့မင်းလည်းမမှားသလို အင်း ငါလည်းမမှားဘူး´´
စကားစတွေပြောဖို့ပျောက်သွားတော့ခွန်းပိုင်ကထသွားပြီးစိုင်းကိုကျောပေးကာပြတင်းပေါက်က်ုမျက်နှာမူပြီးပိတောက်ပင်ကြီးကိုကြည့်နေလိုက်သည်။
''ဂုဏ်ယူပါတယ်လို့တော့ ငါပြောဖို့မလိုဘူးမလား ´´
သူ့ကိုကျောပေးရပ်နေတဲ့ခွန်းပိုင်ကတခါတလေအေးစက်စက်နိုင်တတ်သေးသည်။
''မလိုဘူး ခွန်းပိုင်´´
''ပျော်နေသင့်တဲ့အချိန်ကိုပျော်နေလိုက်ပါ
ကိုယ်ချစ်တဲ့သူရဲ့အချစ်ကိုရတာ ပျော်စရာကိစ္စဘဲလေ ငါ့ကိုအားမနာဘဲလွတ်လွတ်လပ်လပ်ပျော်ပါ´´''ကျေးဇူးပါ´´
''တောင်းပန်လိုက် ကျေးဇူးတင်လိုက်နဲ့
ရူးနေတာလား စိုင်းရာ ဟားဟား´´နာကျင်သမျှကိုဟာသလုပ်ပြီးရယ်လိုက်တာမလို့ဒီရယ်သံကခြောက်ခြောက်ကပ်ကပ်နိုင်အုန်းမယ်။ဒီရယ်သံကနားဝင်ဆိုးလိုက်တာ။
''မင်းတခါတလေ ပြုံးတဲ့အပြုံးတောင်နားမလည်တာကို အခုမင်းရယ်သံကိုပါနားမလည်တော့ဘူး
မင်းလဲအရူးဘဲ´´ဒီရူးသွပ်ချင်းမင်းအတွက်ရူးသွပ်ချင်း
''အဟမ်း မုန့်ဟင်းခါးသွားသောက်ကြမလား´´
ကျောပေးထားပြီးတိတ်ဆိတ်နေတဲ့ခွန်းပိုင်ကိုချောင်းသံပေးပြီးမုန့်ဟင်ခါးသွားစားဖို့ခေါ်လိုက်သည်။မဟုတ်ရင်ဘယ်အချိန်ထိတိတ်ဆိတ်နေအူန်းမလဲမသိ။
YOU ARE READING
Love is blind(completed)
Romanceမောင်အတွက်ငါ့ရင်ကွဲလည်းရတယ်။မောင့်အတွက်ငါ့ဂုဏ်သိက္ခာကိုမြောင်းထဲထည့်ပစ်လိုက်လဲရတယ်။ မောင့်အတွက်လို့ခေါင်းစဥ်တပ်လိုက်ရင်ဒီလူကအသက်တောင်ပေးမှာပါ။ မောင်ငါ့ကိုချစ်ခဲ့ရဲ့လား။ ^^own creation^^