Ep 9

1.4K 120 8
                                    

Zawgyi

''နေ့လယ်ကျ အမ်အိုင့်သမိုင်´´
(နေ့လယ်ကျ ဘာဟင်းစားမလဲ)

တိုင်းရင်းသူအဒေါ်ရဲ့လေသံခပ်ဝဲဝဲနဲ့ဗမာစကားနဲ့ပအိုဝ့်ဘာသာစကားကိုရောပြောတောကြောင့်စိုင်းနဲ့ခွန်းပိုင်နားမလည်ဖြစ်ရသည်။

''နေ့လယ်ကျ ဘာဟင်းစားမလဲတဲ့ ကိုယ့်အမေက ဗမာစကားနည်းနည်းတတ်တော့
ညီလေးတို့နားလည်အောင် နှစ်ခုကိုပေါင်းပြောတာ´´

''သြော် ဟုတ်ကဲ့´´

''ရတယ်ဒေါ်ဒေါ်ခင်ဗျ ဒေါ်ဒေါ်အဆင်ပြေသလို
ချက်ပါ´´

စိုင်းရဲ့ပြန်ဖြေတာကိုဒေသခံအကိုကသူ့အမေကိုဘာသာစကားနဲ့ပြန်ရှင်းပြတော့စိုင်းနဲ့ခွန်းပိုင်ကိုချစ်စရာကောင်းတဲ့ကလေးတွေလို့ဘာသာစကားနဲပြောပြီးပြုံးပြကာထွက်သွားသည်။

''အကို့အမည်ကခွန်ခမ်းနောင် အကိုခမ်းနောင်ခေါ်လဲရတယ် ရင်းရင်းနှီးနှီးပေါ့ ခရီးထွက်လာတာ ရွာရောက်တဲ့အထိဘဲ အခုမှအမည်တွေနှုတ်ဆက်ရတော့တယ်´´

''ဟာ ဟုတ်ပါ့ဗျာ
ကျွန်တော်ကစိုင်းဇေယျာ သူက ခွန်းပိုင်´´

''အင်း ဟုတ်ပြီ  အကိုတို့ရွာက
ဝါးခမောက်လုပ်ကျတာများတယ် ဝါးပင်တွေလည်းတအားပေါတယ်´´

''ခမောက်ကဝါးနဲ့လုပ်တာလားဗျ ငွေဆောင်ဘက်မှာကျအုန်းရွက်လားမသီ
အဲ့တာနဲ့လုပ်တာ´´

''အင်း ခမောက်ကဝါးကပ်ဝယ်ရတယ် အကိုတို့မှာကျဒီတိုင်းသဘာဝအလျောက်ပေါက်တာတွေများတော့ မဝယ်ရဘူး တစ်စည်း အချပ်၁၀၀ပါရင် ၁၅၀၀ပေးရတယ် ဝါးကပ်တွေကိုသုတ်တယ် သုတ်ပြီးရင် ခမောက်ချုပ်ဖို့တိုင်းတယ် ညှပ်တယ်
ပျားဖယောင်းချည်နဲ့ချုပ်တယ် ပျားဖယောင်းချည်မှမဟုတ်ရင်ပျော့လိုသုံးမရဘူးလေ  ချုပ်ပြီးသွားရင်ဝါးကွင်းတစ်ခု အချောသပ်ပြီး
အောက်အနားကွတ်ကိုကျအပေါ်ကအထူ အောက်ကအပါး ဝါကွင်းနှစ်ခုသုံးရတယ် နောက်တော့ဆေးသုတ်
အလှဆင် ´´

အကိုခမ်းနောင်ရှင်းပြတာကိုခွန်းပိုင်နဲ့စိုင်းခေါင်းတငြိမ့်ငြိမ့်နဲ့နားထောင်နေသည်။

''အကိုခမ်းနောင် အဲ့ခမောက်လေး
လက်တွေ့လုပ်ပြပါ့လား ဆယ်တန်းအမှတ်နည်းလို့မာမီအိမ်ပေါ်ကကန်ချရင် လက်လုပ်ပညာတခုနဲ့အသက်မွေး
လို့ရသေးတာပေါ့ဗျ ဟဲဟဲ´´

Love is blind(completed)Where stories live. Discover now