Ep 23

1.5K 109 0
                                    

Zawgyi

''ငါမင်းနဲ့အတူမလိုက်နိုင်တော့ဘူး
ငါဒီမှာဘဲဆေးကျောင်းတတ်တော့မလို့´´

အစကငါနဲ့လိုက်ဖို့သဘောတူခဲ့ပြီးမှ။အခုတော့သူမကြောင့်။မင်းပြောခဲ့သလိုဘဲသူမကမင်းအတွက်အရာရာဖြစ်နေတော့တာဘဲ။

''ငါနဲ့မဆိုင်ဘူး မင်းမာမီကိုရအောင်ပြော´´

''သိတယ် မင်းကိုပြောလို့ထူးမသွားမှန်းလဲ
ဒါမဲ့ မင်းရောဒီမှာမတတ်ချင်ဘူးလား ငါတို့နဲ့အတူ ဒါမှမဟုတ်...´´

သူငယ်ချင်းကရှားရှားပါးပါးဒီတစ်ယောက်ဘဲရှိသည်မို့တက္ကသိုလ်ကိုတော့ပျော်ပျော်ပါးပါးအတူတတ်ချင်သည်။

''ငါ့ကိုဒီမှာနေစေချင်လား´´

''မင်းပြောဖူးတယ်လေ ငါရှိတဲ့တက္ကသိုလ်မှာဘဲ မင်းတတ်မယ်လို့´´

မောင်ကလေသူ့ကိုအမျိုးမျိုးကိုပြုစားတတ်သား။သူ့ဝါသနာတွေကိုလွှတ်ချဖို့မောင်ရဲ့သူပြောခဲ့တဲ့စကားလေးတစ်ခွန်းနဲ့တင်တွေဝေရပြီ။

ဆုံးဖြတ်ချက်ခိုင်မာတဲ့သူခေါင်မာတဲ့သူကမောင်နဲ့ပက်သက်ရင်နာခံတတ်တဲ့ကလေးလေး။

''အော် သားစိုင်းလာပြီကို So proud for စိုင်းဇေယျာ´´

''ဟာ တီတီကလဲ နောက်မှတီတီ့လက်ရာလာစားမယ်ဗျ´´

''အယ်တော် ကျွေးရမဲ့သူကသားစိုင်းလားလို့´´

စိုင်းလဲတီတီ့ကိုပြုံးသာလုပ်ပြလိုက်တော့သည်။တီတီ့လက်ရာကိုတော့စိုင်းတကယ်ကြိုက်သည်။

''ကဲပါ တီတီတို့လဲပြန်အုန်းမယ်´´

''ဟုတ်ကဲ့ ကောင်းကောင်းပြန်ပါဗျ´´

''ဟုတ်ပါပြီရှင် လာသားငယ်သွားကြစို့´´

_____

''မာမီ ´´

''အမယ်လေး မာမီသားလေး လာပါအုန်း မာမီရင်ခွင်ထဲကို´´

မာမီကလက်ဆန့်ပြီးရင်ခွင်ထဲလာဖို့ပြောနေတာကြောင့်စိုင်းလဲမာမီရင်ခွင်ထဲဝင်လိုက်ပြီးခေါင်းလေးတိုးကိုချွဲနေလိုက်သည်။

''သားဘာလိုချင်လဲ ဆယ်တန်းအောင် အင်း
ဘာသာစုံဂုဏ်ထူးရတဲ့အတွက်´´

Love is blind(completed)Where stories live. Discover now