Zawgyi
''မေမေ သားကိုအီတလီမှာတတ်ဖို့
သေချာစီစဉ်ရတော့မယ် မေမေ့သားလေးက
ဖအေတူသားလေးဆိုပြီး မေမေဂုဏ်ယူရတော့မယ်´´မေမေကပျော်ရွှင်စွာနဲ့ကားမောင်းရင်းပြောနေသည်။ဖအေတူသားဆိုတဲ့စကားကိုကြားလိုက်တော့သူမြန်မာနိုင်ငံမှာဘဲတတ်လို့ရလားဆိုတဲ့စကားတွေကိုပြောမထွက်တော့။
''သား သိလား သားဖေဖေက ဒဇိုင်းဆွဲသိပ်တော်တာ မေမေဘယ်လောက်ကြိုးစားကြိုးစား
သားဖေဖေကိုမမှီဘူး သားဖေဖေတာအခုချိန်ရှိသေးရင် ဘယ်လောက်တောင်ပျော်လိုက်မလဲ´´မေမေကပြောပြီးကျလုဆဲဆဲမျက်ရည်တွေကိုသုတ်လိုက်သည်။
''သား...´´
''ဘာပြောမလို့လဲ ဘာလိုချင်လို့လဲ
ငါ့သားစိတ်ကြိုက်ဖြစ်စေရမယ်´´''သား မေမေ့ကိုမခွဲနိုင်လောက်ဘူး´´
''အမယ်လေး ကျမသားလေးရယ် မေမေ့ကိုစိတ်မပူနဲ့ သားသာဝါသနာပါတာကို
စိတ်နှစ်ပြီးသားဖေဖေထက်သာအောင်လုပ်´´မေမေ့ကိုပြုံးပြလိုက်ပြီးကားပြတင်းပေါက်နေအပြင်ဘက်ကိုသာငေးကြည့်လိုက်တော့သည်။တဖက်ကဝါသနာပါတဲ့အရာတစ်ဖကချစ်ရသူနဲ့မဝေးဖို့။
ဒါမဲ့စိုင်းကရုတ်တရက်ကြီးဆေးကျောင်းဆိုတော့အကြောင်းရှိလို့လား။ဒါမှမဟုတ်နွယ်နဲ့ထားခဲ့ပြီးမှဒီစကားထွက်လာတာဆိုတော့။
စိုင်းဆရာဝန်ဖြစ်ချင်တာသူမကြောင့်သူမကိုမခွဲနိုင်လို့သာဆိုရင်တော့ခွန်းပိုင်အီတလီသာတတ်တော့မယ်။
နာကျင်ရတာလုံလောက်ပြီမလို့နာကျင်စရာရပ်ဝန်းကိုတော့ရှောင်ပါရစေ။ကိုယ်ချစ်ရသူရဲ့သူ့ချစ်သူနဲ့ပျော်ရွှငိနေတာကိုကြည့်နေနိုင်လောက်အောသ်ထိတော့ခွန်းပိုင်အသဲကအဲ့လောင်မှမမာဘဲလေ။
''သား ဘာတွေတွေးနေတာလဲ အိမ်ရောက်ပြီလေ´´
မေမေကပခုံးကိုလာကိုင်ပြီးခေါ်မှာအတွေးယဉ်ကြောထဲကရပ်ကာ
''ဟုတ် မေမေ´´
ကားပေါ်ကဆင်းပြီးအိပ်ချင်သေးလို့လို့ဆိုကာအိမ်ပေါ်ထပ်ကအခန်းကိုဝင်ပြီးအိပ်နေလိုက်သည်။ဝမ်းနည်းစရာဝမ်းသာစရာကိုခနတာမေ့ပြစ်ပြီးတော့။
YOU ARE READING
Love is blind(completed)
Romanceမောင်အတွက်ငါ့ရင်ကွဲလည်းရတယ်။မောင့်အတွက်ငါ့ဂုဏ်သိက္ခာကိုမြောင်းထဲထည့်ပစ်လိုက်လဲရတယ်။ မောင့်အတွက်လို့ခေါင်းစဥ်တပ်လိုက်ရင်ဒီလူကအသက်တောင်ပေးမှာပါ။ မောင်ငါ့ကိုချစ်ခဲ့ရဲ့လား။ ^^own creation^^