Ep 22

1.5K 117 3
                                    

Zawgyi

ဒီနေ့ကဆယ်တန်းအောင်စာရင်းထွက်မဲ့နေ့ဖြစ်သည်။မနက်လေးနာရီလောက်ဆိုသိရပြီဖြစ်သည်။ခွန်းပိုင်အိပ်မပျော်ခဲ့။

မေမေကအမှတ်များရင်သူဝါသနာပါတဲ့ကျောက်မြတ်ရတနာဒဇိုင်းဆွဲတာကိုသူ့အသိတွေရှိတဲ့အီတလီထိပို့ကာသင်ပေးမယ်ပြောသည်။

ခွန်းပိုင်အစကစိုင်းနဲ့ဝေးရမှာကိုကြောက်၍ငြင်းမိသော်လည်းစိုင်းမာမီကပါခွန်းပိုင်သာအီတလီတတ်ရင်စိုင်းကိုပါသူနဲ့အတူထည့်မည်ဆိုတာကြောင့်ဖြစ်သည်။

အမှတ်စာရင်းသွားကြည့်ဖို့စိုင်းရယ်ခွန်းပိုင်ရယ်အတူထွက်လာကြသည်။

''ဟျောင့် တုန်နေတာဘဲ´´

''မသိဘူး´´

''ဟျောင့် ခွန်းပိုင်စိတ်ကိုအေးဆေးထား´´

''မြန်မြန်မောင်း ငါ့ကိုဂရိုစိုက်မနေနဲ့´´

ခွန်းပိုင်ကဒူးကိုလှုပ်ကာလက်တွေပါတုန်နေပြီဖြစ်သည်။စိုင်းလဲဆက်ပြီးမပြောတော့ဘဲကျောင်းကိုသာအမြန်မောင်းလိုက်သည်။

ကျောင်းရှေ့ရောက်တော့လူတွေကလည်းအများကြီးဖြစ်နေသည်။ခွန်းပိုင်ရဲ့ဒူးတုန်နေတာနဲ့လက်တုန်နေတာအရက်မသောက်ရသေးတဲ့အရက်သမားပုံစံပေါက်နေသည်။

''ကဲ မသောက်ရသေးတဲ့ အရက်သမားလေးက ဒီစီးတော်ယာဉ်ပေါ်မှာဘဲ ထိုင်စောင့်နေပါလော ဒီကကိုကြီးသွားကြည့်ပေးမယ်´´

စိုင်းလဲခွန်းပိုင်ကိုကားပေါ်ထားခဲ့ရင်းအမှတ်စာရင်းကြည့်ရမဲ့နေရာနားကိုနီးလေရင်တွေခုန်လာလေဖြစ်ပြီးလက်ချွေးတွေပါပြန်လာသည်။

လူမတိုးလို့ကလဲမဖြစ်မို့လူတိုးရင်းခုံနံပါတ်နဲ့အဖနာမည်တွေကိုကြည့်ရင်းတွေ့လိုက်ရတဲ့ခုံနံပါတ်နှစ်ခုရဲ့ဝမ်းသာစရာအဖြစ်ကိုမြင်ပြီးခွန်းပိုင်ရှိတဲ့ကားစီကိုသာအပြေးသွားခဲ့သည်။

''ခွန်းပိုင် မင်း မင်းအီတလီသွားလို့ရပြီ မင်း မင်းက5Dဟ´´

''ဘာ အားးးးးး´´

ကားထဲမှာနေပြီးအော်ဟစ်နေသောခွန်းပိုင်ရဲ့အသံကစူးရှနေပြီးကားအပြင်ကိုပါထွက်ကာပျော်မြူးနေတာကြောင့်ကြည့်သွားတဲ့သူတွေကိုပါအပျော်တွေကူးစက်ကုန်သည်။

Love is blind(completed)Where stories live. Discover now