Ep 13

1.4K 107 0
                                    

Unicode

မနေ့ကစိုင်းကိုဖုန်းဆက်ပြီးခေါင်းကိုက်နေလို့ကျန်တဲ့သင်တန်းတွေဆက်မတတ်တော့ဘူးလို့ပြောလိုက်ခါအိမ်မှာဘဲအိပ်ယာထဲလှဲနေလိုက်သည်။ဘာမှဆက်မတွေးချင်တော့တာကြောင့်ဖုန်းသုံးနေလိုက်သည်။

ဖုန်းသုံးနေစဉ်သင်တန်းကိစ္စမှလွဲရင်မသုံးဘဲထားတဲ့Gmailကဝင်လာသောစာကြောင့်အထူးအဆန်းဖြစ်ကာGmailထဲဝင်လိုက်သည်။

✉️Hello Dear Paing💙

ဘာလဲ။ခွန်းပိုင်ဘယ်သူ့ကိုမှGmailမပေးမိပါ။စိုင်းကိုတောင်မပေး။စကားပြောစရာရှိရင်Ms,IGရှိနေတာဘဲမလား။

GmailNameကလဲGloxiniaဖြစ်နေသည်။ဖုန်းကိုကြည့်နေရင်းနောက်ထပ်ဝင်လာတဲ့စာကိုကြည့်လိုက်တော့သူမသိတဲ့ဘာသာစကားဖြစ်နေသည်။

✉ Vous êtes un fan de lilas pour moi

ခွန်းပိုင်လဲသူမသိတဲ့ဘာသာစကားနဲ့လည်းဖြစ်စိတ်လည်းရှုပ်နေတာကြောင့်ဘာမှပြန်မပြောတော့ဘဲနေလိုက်သည်။အိပ်ချိန်လဲရောက်နေပြီဖြစ်တာကြောင့်ဖုန်းကိုစားပွဲခုံပေါ်လှမ်းတင်ပြီးအိပ်လိုက်တော့သည်။

✉️Good night paing💙ဆိုတဲ့နှုတ်
ဆက်စာလေးကိုတော့အိပ်နေတဲ့ကောင်လေးကမသိလိုက်။

_

ဒီနေ့မနက်သင်တန်းမရှိတာကြောင့်ထမင်းစားခန်းထဲမှာအေးဆေးလေးစားနေတုန်းအိမ်ထဲကိုအဝတ်အစားကိုပုံမုန်ထက်သန့်ပြန့်အောင်ဝတ်ထားတဲ့စိုင်းကိုကြောင်ကြည့်နေလိုက်သည်။

''သင်တန်းမရှိဘူးနော် စိုင်း´´

''သိတယ် မုန့်သွာစားမလို့´´

''မုန့်လေးစားဖို့ကို ဒီလောက်ထိပြင်ဆင်နေတာက´´

''မင်းကလဲ နွယ်ရောပါတယ်လေ´´

''ဟမ် ´´

''ဟုတ်တယ် နွယ် ငါ မင်း သုံးယောက်သွားစားမှာ´´

''ငါမလိုက်ချင်ဘူး´´

''မရဘူးနော် နွယ်ကမင်းကိုခင်ချင်နေတာ
မလိုက်ရင်ငါ့လာမခေါ်နဲ့´´

''ငါ Third wheelမဖြစ်ချင်ဘူး´´

''ဟာ မဟုတ်ဘူးအခုက
အကုန်သူငယ်ချင်းလိုပါဘဲလိုက်ခဲ့ပါကွာနော်´´

Love is blind(completed)Where stories live. Discover now