Zawgyi
ဒီနေ့ကခွန်းပိုင်အီတလီကိုသွားမဲ့နေ့ဖြစ်သည်။စိုင်းပြောထားသည့်ငါမင်းကိုလေယာဉ်ကွင်းလိုက်မပို့ဘူးဆိုတဲ့စကားကိုသိပင်မဲ့မျှော်နေမိသည်။
လေဆိပ်သွားဖို့အချိန်နီးတာတောင်အိမ်ကနေစိုင်းကိုမျှော်နေမိသည်။ခနလောက်ဖြစ်ဖြစ်ထွေးပွေ့ထားချင်မိသည်။
''သားငယ် သွားရအောင်လေ ´´
သူမသားငယ်လေးဘယ်သူ့ကိုမျှော်နေမှန်းသိပင်မဲ့မျှော်နေသူကလည်းပေါ်မလာတော့သွားရမဲ့အချိန်ကနီးလာလို့သားကိုသွားဖို့ခေါ်လိုက်သည်။
''ဟုတ် မေမေ´´
ညိုးငယ်စွာနဲ့ပစ္စည်းတွေကိုကားပေါ်တင်ပြီးကားပေါ်တတ်ကာခြံထားကနေထွက်လာတော့ခြံရဲ့ဟိုးရှေ့ထဲမှာရပ်ထားတဲ့စိုင်းရဲ့ကားနဲ့တူတဲ့ကားကိုတွေ့လိုက်ရသည်။
''မေမေ ဟိုရှေ့နားလေးကျခနရပ်ပေးနော်
စိုင်းများလားလို့´´မသေချာမရေရာရဲ့စိတ်တွေကဆုတောင်းမိတယ်။စိုင်းဖြစ်ပါစေလို့။ထွက်မသွားခင်ခနလေးဖြစ်ဖြစ်စိတ်ချဖို့စကားတွေမှာရင်ရင်ခွင်ထဲခိုဝင်ချင်မိတယ်။
ကားကစိုင်းရဲ့ကားလို့ထင်ရတဲ့ကားနားလေးကိုရောက်သွားလေလေစိုင်းဖြစ်ပါစေလို့ဆုတောင်းမူတွေကပိုလေလေ။
ကားချင်းဘေးချင်းယှဉ်ရပ်ကာကားပေါ်ကဆင်းပြီးကားမှန်ကိုခေါက်လိုက်သည်။တဖြည်းဖြည်းကျသွားတဲ့ကားမှန်နဲ့အတူတွေ့မြင်ချင်တဲ့စိုင်းရဲ့မျက်နှာလေးကပေါ်မလာခဲ့။
ဘုရားသခင်ကကျွန်တော့်ဆုတောင်းတွေမကြားဖူးထင်ပါရဲ့။တွေ့မြင်ချင်နေတဲ့စိတ်ကိုလွှတ်ချလိုက်ပြီးကားပေါ်သို့ပြန်တတ်လိုက်သည်။
''ခန´´
အသံတစ်သံထိုအသံကသူကြားချင်နေတဲ့သူရဲ့အသံတော့မဟုတ်ခဲ့။
''ဟုတ်ကဲ့ခင်ဗျ´´
အသက်ကြီးကြီးအရွယ်ဦလေးတစ်ယောက်ဖြစ်နေတာကြောင့်စကားကိုယဉ်ကျေးစွာနဲ့တုံ့ပြန်လိုက်သည်။
''ဒါကသခင်လေးကပေးခိုင်းလိုက်တာပါ´´
စိုင်းကိုသခင်လေးလို့ခေါ်တဲ့သူကစိုင်းအိမ်ကအလုပ်သမားတွေသာရှိသည်။ဒါဆိုဒီကားကစိုင်းရဲ့ကားပေါ့။ပေးလာတဲ့လက်ဆောင်ကိုအာရုံမရောက်နိုင်သေးဘဲ။
YOU ARE READING
Love is blind(completed)
Romanceမောင်အတွက်ငါ့ရင်ကွဲလည်းရတယ်။မောင့်အတွက်ငါ့ဂုဏ်သိက္ခာကိုမြောင်းထဲထည့်ပစ်လိုက်လဲရတယ်။ မောင့်အတွက်လို့ခေါင်းစဥ်တပ်လိုက်ရင်ဒီလူကအသက်တောင်ပေးမှာပါ။ မောင်ငါ့ကိုချစ်ခဲ့ရဲ့လား။ ^^own creation^^