Arc 1 ​ကလေးထိန်းခြင်း(​1)

11K 1.2K 53
                                    

Uni

ကြီးမားလှတဲ့အဖြူရောင် Space တစ်ခုထဲမှာ ကောင်းကင်ထိအောင်မြင့်မားတဲ့ စာအုပ်စင်အမြင့်ကြီးတွေကိုတမျှော်တခေါ်တွေ့နိုင်ပါတယ်။အကန့်မရှိအောင်များပြားလှတဲ့အမျိုးမျိုးသောစာအုပ်တွေကို သိမ်းဆည်းစုဆောင်းခြင်းဆိုတာ Systemအကြောင်းလေ့လာခြင်းရဲ့ အရေးကြီးတဲ့အစိတ်အပိုင်းဖြစ်တယ်။
စာအုပ်တွေကိုရှေးဟောင်းပြဇာတ်ကနေစလို့ ခေါတ်လွန်ဒုံးကျည်စက်ပစ္စည်းတွေအကြာင်းထိအသိပညာဆိုင်ရာအလိုက် သေချာစီရီထားပါတယ်။ရရှိနိုင်တဲ့စာအုပ်အဆင့်တွေကလဲ Beginner level ကနေ Grandmaster level ထိအောင် စုံလင်များပြားလှပါတယ်။

လက်ရှိမှာတော့ တိတ်ဆိတ်နေတဲ့ White spae ရဲ့ထောင့်မှာရှိတဲ့ ကျယ်ပြန့်လှတဲ့လှေကားထစ်တွေပေါ်မှာ လင်ကျားချန် ဆိုတဲ့ချောမောတဲ့ကောင်လေးတစ်ယောက်ထိုင်နေပါတယ်။

သူဘယ်လောက်ပဲကြိုးစား၊ကြိုးစားသူ့ရဲ့လေ့လာမှုတွေကပျမ်းမျှအဆင့်ပဲရှိတယ်။သူ့သူငယ်ချင်းတွေကသက်ဆိုင်ရာဘာသာရပ်တွေမှာအဆင့်ကောင်းကောင်းနဲ့ဘွဲ့ရပြီးလို့ ထိပ်တန်း System တွေနဲ့ချိတ်ဆက်နေချိန်မှာ သူကတော့ စာမေးပွဲကျသွားတာကြောင့်နောက်တစ်နှစ်ထပ်ပြီးစာလေ့လာရပါဉီးမယ်။သူ့မှာ အကောင်းဆုံးသော အာဂုံဆောင်နိူင်စွမ်းရှိပေမယ့် စာမေးပွဲမှာ အရမ်းစိုးရိမ်လွန်နေတာကြောင့် အခုလိုတွေဖြစ်သွားရတာပါ။

နောက်ဆုံးနှစ်ကိုကျော်ဖြတ်ပြီးတာတောင် သူ့အဆင့်တွေကပျှမ်းမျှလောက်ပဲရှိသေးတာကိုမြင်တဲ့အခါ သူ့ရဲ့တာဝန်ခံလူကြီးကလဲ ရွေးစရာမရှိတော့ကြောင့် သူ့ကို ramdom System တစ်ခုဖြစ်တဲ့ Odd job system ထဲကို ထည့်ပေးလိုက်ပါတော့တယ်။

Portal Station ကိုရောက်တဲ့အခါ သူတို့ရဲ့တာဝန်ခံလူကြီးတွေကသူတို့ကိုခဏရပ်ခိုင်းပြီး အကူအညီဖြစ်စေမယ့်အကြံဉာဏ်တစ်ချို့နဲ့ညွှန်ကြားချက်တစ်ချို့ကိုပြောပြပေးနေပါတယ်။လင်ကျားချန်ရဲ့တာဝန်ခံလူကြီးဖြစ်တဲ့ ဖန်ရှင်း က​တော့ သူ့နာမည်ရဲ့အဓိပ္ပါယ်ဖြစ်တဲ့"စိုးရိမ်မှုတွေကိုပယ်ဖျောက်သူ"ဆိုတာနဲ့ဆန့််ကျင်စွာ
အရမ်းစိုးရိမ်ပူပန်နေပါတယ်။

Semeတစ်ယောက်ကိုပျိုးထောင်ရတာအရမ်းခက်ခဲတယ်Where stories live. Discover now