မျက်နှာတစ်ခု၊အသွင်ကွဲနှစ်မျိုး (5)

2.6K 440 6
                                    

မော့ရန် စစ်တန်းလျားမှာရှိတဲ့ရုံးခန်းဆီသွားလိုက်တယ်။စာအုပ်နဲ့စုတ်တံကိုကိုင်ထားတဲ့ လက်အောက်ငယ်သားနှစ်ယောက်က စားပွဲနားမှာ ရပ်နေကြတယ်။

"စစ်သူကြီး..."

ထိုနှစ်ယောက်က မော့ရန် ကိုမြင်တာနဲ့ အလေးပြုကြတယ်။မော့ရန် ခေါင်းတစ်ချက်ညိတ်ပြလိုက်ပြီး သဝဏ်လွှာတွေကိုဖတ်နေလိုက်တယ်။

"လူရိုင်းတွေရဲ့ လှုပ်ရှားမှုကို အချိန်ပြည့်
  စောင့်ကြည့်နေပါတယ်။ကျင်းရှန်းအနွယ်တွေက တောင်ပိုင်းနယ်စပ်ကို အခုထိ တိုက်ခိုက်စရာ အကြောင်းမရှိဘူးလို့ ထင်နေပုံရတယ်။ လက်နက်အင်အားလည်း မရှိတဲ့အပြင်သူတို့ရဲ့ စစ်တပ်ကို  ထောက်ပံ့ဖို့ ဘဏ္ဍာငွေ ပြတ်လပ်နေတယ်လို့ သတင်းရထားပါတယ်..."

"ကောင်းတယ်....ပုံမှန်စစ်ဆေးမှုတွေမပြတ်စေနဲ့...သူတို့ဘက်က စိုးရိမ်စရာလှုပ်ရှားမှုတွေလုပ်လာရင် ငါ့ဆီ ချက်ချင်းသတင်းပို့ .."

"ဟုတ်ကဲ့ပါ စစ်သူကြီး..."

"ပြီးတော့ ဖန်းမိသားစုနဲ့ ကျင်းမိသားစုကြားက ရန်ငြိုးတွေအကြောင်း စုံစမ်းပေးပါဉီး...​ကျင်းမိသားစုရဲ့ဒုတိယသခင်လေး ဘာလို့ အကြာကြီး သတိမေ့နေလဲဆိုတာပါ တိတ်တဆိတ်စုံစမ်းပေးဉီး....."

"ဟုတ်ကဲ့..."

"သွားလို့ရပြီ..."

"ဟုတ်ကဲ့..."

သူ တောင်းဆိုထားတဲ့သတင်းအချက်အလက်တွေကိုစုစည်းဖို့ လက်အောက်ငယ်သားနှစ်ယောက် ချက်ချင်းထွက်ခွာသွားခဲ့ကြတယ်။မျက်လုံးတွေမှိတ်လိုက်တဲ့အခါ လင်ကျားချန်နဲ့ကျင်းရှောင်တို့နှစ်ယောက်အကြောင်း ခေါင်းထဲဝင်လာပြန်တယ်။

"သူတို့ကိုကြည့်ရတာ တူတယ်ထင်ပေမယ့် တစ်ခုခုတော့မှားနေသလိုပဲ....အကယ်၍ ကျင်းရှောင်က လင်ကျားချန်ဆိုရင်ဘာလို့ငါနဲ့ပတ်သတ်တာတွေကိုမေ့နေတာလဲ??"

ခုံအောက်ကနေ စာအုပ်တစ်အုပ် ဆွဲထုတ်လိုက်တယ်။ဖုန်တက်နေတဲ့စာအုပ်ရဲ့အနားထောင့်လေးတွေ ပြဲစုတ်နေပြီး စာအုပ်ရဲ့မူရင်းအရောင်အဆင်းတွေလွင့်ပြယ်နေပြီဖြစ်တယ်။မော့ရန်တစ်ယောက် စာရွက်တစ်ရွက်ချင်းစီကို ဂရုတစိုက်လှန်လှောနေတယ်။ဒ်ီစာအုပ်ထဲက ဇာတ်ကြောင်းတွေကို သူသိတယ်....ဘယ်လိုဇာတ်သိမ်းသွားတယ်ဆိုတာလဲ သိတယ်....ဒီကမ္ဘာပေါ်ကနေ လင်ကျားချန်ထူးဆန်းစွာပျောက်ကွယ်သွားချိန်မှာ ဒီစာအုပ်လေးတစ်အုပ်သာလျှင် ကျန်ရစ်ခဲ့တယ်။

Semeတစ်ယောက်ကိုပျိုးထောင်ရတာအရမ်းခက်ခဲတယ်Where stories live. Discover now