Arc 1 ​ကလေးထိန်းခြင်း(5)

5.8K 969 18
                                    

တပ်စခန်းတစ်ခုလုံး အုတ်အော်သောင်းနင်းဖြစ်နေတယ်။တပ်သားတွေကလဲ ရရာလက်နက်ကိုင်ဆွဲပြီးကျူးကျော်လာတဲ့ လူရိုင်းတွေကို သဲကြီးမဲကြိီးတန်ပြန်တိုက်စစ်ဆင်နေကြတယ်။မော့ရန် အနားမှာလဲကျနေတဲ့တပ်သားတစ်ယောက်ဆီက ဓားရှည်ကို ကောက်ယူလိုက်တယ်။တပ်စခန်းတစ်ခုလုံး သွေးချောင်းစီးနေခဲ့ပြီး မီးတောက်တွေနဲ့ ပြည့်နှက်နေပြီ။

သွေးတွေတတောက်တောက်စီးကျနေတဲ့ ဓားကိုလက်ကကိုင်ပြီး မော့ရန် တစ်စုံတစ်ဉီး ကို အသည်းအသန်ရှာဖွေနေတယ်။

//သူဘယ်မှာလဲ? //

လက်နက်တိုက်နားကနေ တိုက်ခိုက်နေသံကြားရတာကြောင့် အပြေးအလွှား သွားကြည့်လိုက်တဲ့အခါ General ကိုယ်တိုင် လူရိုင်းတွေနဲ့ သူသေကိုယ်သေတိုက်ခိုက်နေတာကိုမြင်ရတယ်။ဒုတပ်မှုးနှစ်ယောက်ထဲ က
လင်ကျားချန် မဟုတ်တဲ့ တခြားဒုတပ်မှူးကတော့ မြေပြင်ပေါ်မှာ အသက်မဲ့နေခဲ့ပြီ။ General နဲ့အတူတွဲပြီးတွေ့မြင်နေကျ
လင်ကျားချန်ကိုတော့ ဘယ်မှာမှရှာမရခဲ့ပါ.........

"General! !!လင်ကျားချန်ရော၊
လင်ကျားချန်ဘယ်မှာလဲ?!!!"

"အားချန် ကကျန်တဲ့ လူရိုင်းတွေနောက်လိုက်သွားတယ်၊သူ့ကိုသွားကူလိုက်ဉီး!!"

တောက် တစ်ချက်ခေါက်လိုက်ပြီး မော့ရန်
တစ်ယောက် လင်ကျားချန် ကို အပြေးအလွှားလိုက်ရှာရပြန်တယ်။တပ်စခန်းနဲ့ မီတာ ၄၀ ကွာဝေးတဲ့တောအုပ်ထဲမှာတော့ လင်ကျားချန် မျက်နှာဖုံးတပ်ထားတဲ့ လူရိုင်းတစ်ယောက်ကို လက်နက်မပါဘဲ ခုခံတိုက်ခိုက်နေတယ်။တစ်ယောက်နဲ့တစ်ယောက် လက်ရည်ချင်းသိပ်မကွာတာကြောင့် တိုက်ပွဲက အခုထိအနိုင်အရှုံးမကွဲပြားနိုင်သေးဘူး။

အစောပိုင်းလေးတုန်းကပဲ လူရိုင်းတွေက တပ်စခန်းထဲကို ခိုးဝင်ပြီး တဲတွေကိုမီးရှို့သွားကြတာဖြစ်တယ်။ညပိုင်းကင်းလှည့်တဲ့ အရာရှိလေးက အရေးပေါ်အချက်ပေးစည်ကိုတီးခတ်တော့ မှ တော်ဝင်အမိန့်အကြောင်းဆွေးနွေးနေတဲ့ General ဟန်ချန်ရန် နဲ့ သူ့ရဲ့လက်ထောက်နှစ်ယောက် အပါအဝင် တပ်စခန်းတစ်ခုလုံး ရုတ်ရုတ်သဲသဲတွေဖြစ်ကုန်ကြခြင်းဖြစ်တယ်။

Semeတစ်ယောက်ကိုပျိုးထောင်ရတာအရမ်းခက်ခဲတယ်Where stories live. Discover now