Arc 1 ​ကလေးထိန်းခြင်း(8)

5.2K 803 13
                                    

သစ္စာဖောက်တပ်သားရဲ့ အပ်အရှည်တွေ မော့ရန်ကို ထိုးစိုက်မိတော့မယ် အချိန်မှာ လင်ကျားချန် မြင်းပေါ်ကနေ ခုန်ချပြီး ထိုတပ်သားကို ကန်ထုတ်လိုက်တယ်။

"မော့ရန် !!ပတ်ဝန်းကျင် ကို သတိထားဉီး ။သတိမပြတ်စေနဲ့"

လင်ကျားချန် အံကြိတ်သံနဲ့ မော့ရန်ကို ဆူပူလိုက်တယ်။သူ့ရဲ့ လက်မောင်းက အပ်နဲ့ခြစ်မိသွားတာကြောင့် ထုံထိုင်းနေပြီ။

မော့ရန် လှံရှည်ကိုသုံးပြီးရန်သူ သုံးယောက်ကို ရိုက်ထုတ်လိုက်တယ်။နောက်ဘက်နားက ကျန်နဲ့ နှစ်ယောက်ကို လဲ လှံရှည်နဲ့ရိုက်ထုတ်လိုက်ပြန်တယ်။မော့ရန်ရဲ့ လှုပ်ရှားမှုတွေက အရမ်းကို အဆင်ပြေချောမွေ့နေတယ်။ဒါက ကြိုးကြိုးစားစားလေ့ကျင့်ခဲ့ခြင်းရဲ့ အသီးအပွင့်တွေဖြစ်တယ်ဆိုတာ မော့ရန် နားလည်ခဲ့ပြီ။

ဒီလို စစ်မြေပြင်ရဲ့ သွေးထွက်သံယိုမြင်ကွင်းတွေ၊ခြေပြတ်လက်ပြတ်တွေက မော့ရန်ကို နည်းနည်းလေးတောင် မ​ခြောက်ခြားစေနိူင်ခဲ့ပေ။လင်ကျားချန်ကို သူမြင်တွေ့နေရသ၍ သူ့ရဲ့သွေးကြောတွေထဲမှာ သတ္တိတွေပြည့်လျှံနေပြီလေ။

// သေချာတယ်၊ဟိုလူ ဒီကိုရောက်နေပြီ။ဟိုလူကို မသတ်ဘဲနဲ့ မော့ရန် ကို ဘယ်လိုကာကွယ်ပေးရပါ့မလဲ?သမိုင်းကြောင်းတွေပြောင်းအောင်လုပ်လိုက်လို့မဖြစ်သေးတာကြောင့် ဟိုလူ ကိုအခု သတ်လို့မရသေးဘူး//

လင်ကျားချန် အတွေးများနေချိန်မှာ ဟန်ချန်ရန် က ရန်သူ့ဖက်က စစ်သူကြီးရဲ့ လက်မောင်းကို ခုတ်ဖြတ်လိုက်လေပြီ။ထို စစ်သူကြီးမြင်းပေါ်က ပြုတ်ကျချိန်မှာ ဟန်ချန်ရန်ရဲ့ ဓားကျိုးက သူ့ရဲ့လည်ပင်းကို မတော်တဆ လှီးဖြတ်သွားမိပြန်တာကြောင့် သေဆုံးသွားခဲ့တယ်။

စစ်သူကြီးဟွလင်း ကျဆုံးသွားတာကြောင့် ရန်သူတပ်သားတွေက သူတို့ရဲ့ စစ်သူကြီးအလောင်းကို သယ်ဆောင်ပြီး တပ်ဆုတ်သွားခဲ့ကြတယ်။ပတ်ပတ်လည်မှာ ဘယ်သူမှ မရှိတော့တာတောင် လင်ကျားချန်ကတော့ သတိမပြတ်စောင့်ကြည့်နေခဲ့တယ်။အောင်ပွဲခံနေတဲ့ မော့ရန်ကတော့ အလောင်းတွေကြားထဲက လှုပ်ရှားမှုတစ်ခုကို သတိမမူခဲ့ပေ။လက်ချောင်းတွေကြားထဲမှာ ညှပ်ထားတဲ့ လက်သည်းခွံလောက်သာရှိတဲ့ အပ်တစ်ချောင်းကို မော့ရန်ဆီ ဉီးတည်ပစ်လွှတ်လိုက်တယ်။မော့ရန် လှည့်ကြည့်လိုက်တဲ့ အချိန်မှာ လင်ကျားချန် ကသူ့ကို အပြေးအလွှား ဆွဲဖက်လိုက်တယ်။

Semeတစ်ယောက်ကိုပျိုးထောင်ရတာအရမ်းခက်ခဲတယ်Where stories live. Discover now