မျက်နှာတစ်ခု၊အသွင်ကွဲနှစ်မျိုး (8)

2K 339 2
                                    

//ရူးတော့မယ်ဆိုပဲ...ငါဘာများလုပ်လိုက်မိလို့လဲ??//

"ပန်းသီးစားချင်တယ်ဆို အစေခံတွေကိုခွာခိုင်းလိုက်ပါလား...နောင်ဘယ်တော့မှ ဓားကိုထပ်မကိုင်နဲ့တော့...ပြီးတော့ ကိုယ့်ကိုကိုယ် ဒဏ်ရာရအောင်လဲထပ်မလုပ်မိစေနဲ့တော့"

အစေခံလေးက စောင်တွေနဲ့အတူ မီးသွေးတွေပါယူပြီးပြန်ရောက်လာတယ်။စောင်တွေကို မော့ရန်လက်ထဲထည့်ပေးလိုက်ပြီး အခန်းအပူချိန်တိုးလာစေဖို့ အပူပေးမီးဖိုထဲကို မီးသွေးထပ်ဖြည့်ပေးလိုက်တယ်။လင်ကျားချန်ကတော့ ကုတင်ပေါ်မှာငြိမ်ငြိမ်လေးလှဲအိပ်နေတယ်။ဒေါသကုမ္မာရကြီးမော့ကန်တစ်ယောက် သူ့ကို စောင်အထပ်ထပ်ခြုံပေးပြီးတာနဲ့ပြန်သွားလိမ့််မယ်လို့ထင်ထားပေမယ့် စာအုပ်တစ်အုပ်ယူဖတ်ပေး ကုတင်ဘေးမှာ မိန့်မိန်ကြီးထိုင်နေတယ်လေ....

လင်ကျားချန် မျက်မှောင်ကြုံလိုက်တယ်။မော့ရန်ရှိနေတဲ့အတွက် ခွေးပေါက်ဘေးကိုကုတင်ပေါ်ခေါ်တင်လို့မရဘူးဖြစ်နေတယ်....ခေါ်တင်လိုက်တာနဲ့ မော့ရန်ဆီကနေ ပေါက်ပေါက်ဖောက်သံတွေကြားရတော့မှာသေချာနေပြီ.....

"တရေးအိပ်လိုက်..."

"မအိပ်ချင်ပါဘူး"

"ဒါဆို သားချော့တေးဆိုပြရမလား"

"ဆိုပြ"

ဒါဟာ မော့ရန် သူ့ကို စနောက်ချင်လို့ပြောလိုက်မှန်း လင်ကျားချန်သိပါတယ်။မော့ရန်နဲ့လပိုင်းလောက်အတူနေပြီးချိန်မှာ မော့ရန်ရဲ့ အကျင့်တစ်ချို့ကို လင်ကျားချန် ကောင်းကောင်းသိနေပြီလေ....ဒါပေမယ့် ဒီတစ်ကြိမ်မှာတော့ မော့ရန်က ချောင်းဟန့်ပြီးလည်ချောင်းရှင်းနေတယ်.....လင်ကျားချန် မယုံနိူင်ဘူးဆိုတဲ့ အကြည့်တွေနဲ့ မော့ရန်ကို ကြည့်လိုက်မိတယ်။

မီးသွေးဖြည့်နေတဲ့အစေခံလေးကလဲ အလန့်တကြားဖြစ်နေတဲ့အမူအရာနဲ့ အခန်းထဲကနေ
မြန်မြန်ရှောင်သွားပေးလိုက်တယ်။

မော့ရန်ရဲ့ ခပ်တိုးတိုး သီချင်းသံကိုကြားရချိန်မှာ လင်ကျားချန်အတော်လေး မှင်သက်သွားရပြန်တယ်။ဒီသီချင်းက ကြားဖူးနေကျသီချင်းမဟုတ်တာသေချာတယ်.....

Semeတစ်ယောက်ကိုပျိုးထောင်ရတာအရမ်းခက်ခဲတယ်Where stories live. Discover now