Arc 1 ​ကလေးထိန်းခြင်း(9)

4.9K 809 35
                                    

ကာလကြာရှည် မသန်မစွမ်းဖြစ်နေရတာကြောင့် လင်ကျားချန် စစ်တပ်ကနေ အငြိမ်းစားယူရလိုက်ရပြီး မြို့တော်ထဲမှာ သောင်တင်နေခဲ့တယ်။မော့ရန်နာမည်နဲ့ ဝယ်ထားတဲ့ စံအိမ်မှာနေရတာကြောင့် မော့ရန်ကိုပဲ အိမ်ထောင်ဉီးစီးလို့ သတ်မှတ်ထားရတယ်။လင်ကျားချန် နေ့ပိုင်းအချိန်တွေကို ကိုယ်တိုင်လုပ်ထားတဲ့သစ်သားWheelchair လေးပေါ်မှာထိုင်ပြီး အနားယူလေ့ရှိတယ်။တော်ဝင်သမားတော်ရဲ့ကုသပေးမှုကြောင့် လင်ကျားချန် အတော် သက်သာနေပြီ။

စစ်တိုက်မထွက်ရတဲ့အချိန်ဆို မော့ရန် အိမ်မှာပဲရှိနေတတ်တယ်။ဟန်ချန်ရန်ရောက်လာတဲ့အချိန်တွေဆို မော့ရန်ရဲ့မျက်လုံးတွေထဲက မနှစ်မြို့မှုတွေကိုဖုံးကွယ်မထားနိုင်ဘူး။

အဲ့နှစ်ယောက်ကိုတွဲပြီးမြင်လိုက်တာနဲ့လင်ကျားချန် က​တော့သစ်သားWheelchair လေးနဲ့ ခြံဝင်းထဲကိုဆင်းပြေးတော့တာပါပဲ။ဒီနှစ်ယောက်ကတစ်ချိန်လုံးရန်ဖြစ်နေတာလေ။သူတို့နှစ်ယောက်ရှိနေတော့ ဘဝက သိပ်တော့ ငြီးငွေ့စရာမကောင်းတော့ပြန်ဘူး။

မော့ရန်က အရင်ကထက်စာရင် ခွန်အားရော၊စွမ်အားပါ မြင့်မားနေခဲ့ပြီ။ရာထူးနိမ့်နေတာတောင် အရှင်မင်းကြီးက မော့ရန်ကို နန်းတွင်းကိုမကြာခဏဆင့်ခေါ်လေ့ရှိတယ်။ဒါက မော့ရန်ကိုအရှင်မင်းကြီး ဘယ်လောက်တောင် အလေးထားလဲဆိုတာကို ပြသနေတာမဟုတ်ဘူးလား?

လင်ကျားချန် က ဒီကိစ္စနဲ့ပတ်သတ်ပြီးဂုဏ်ယူနေသလောက် မော့ရန်ကတော့ ပျော်မနေတော့ဘူး။အရှင်မင်းကြီး သူ့ကိုဘာကြောင့်ဆင့်ခေါ်လဲဆိုတာ မော့ရန်သိတယ်။တခြားထွေထွေထူးထူးကိစ္စဘာမှမရှိဘူး၊သူ့သမီး မုန့်ယွီနဲ့ မော့ရန် ကို အောင်သွယ်ချင်နေတာလေ။

အခုလဲ အခေါ်တော်ရှိပြန်ပြီ၊မော့ရန် မသွားချင်တာကြောင့် မျက်မှောင်ကြုံ့ပြီး ပေကပ်နေလိုက်တယ်။ဒါပေမယ့် လင်ကျားချန်က လွန်ခဲ့တဲ့ တစ်လလောက်က ပြောတဲ့အတိုင်းပဲပြောနေပြန်ပြီ။

"နန်းတွင်းထဲကိုသွား..."

နန်းတွင်းထဲက ဉယျာဉ်တစ်ခုထဲမှာ မော့ရန်နဲ့မင်းသမီးမုန့်ယွီတို့ နှစ်ယောက်ထိုင်နေကြတယ်။ မင်းသမီးက စားပွဲပေါ်လက်ထောက်ပြီး မော့ရန် ကိုတမေ့တမောငေးနေတယ်။စားချင်စဖွယ် အချိုမှုန့်တွေကလဲ စားပွဲပေါ်မှာ မတို့မထိရသေးတဲ့အတိုင်းပဲရှိနေသေးတယ်။ဒီလို ထူးဆန်းနေမှုကြီးက မော့ရန်ကို မသက်မသာဖြစ်စေတယ်။

Semeတစ်ယောက်ကိုပျိုးထောင်ရတာအရမ်းခက်ခဲတယ်Where stories live. Discover now