မျက်နှာတစ်ခု၊အသွင်ကွဲနှစ်မျိုး (10)

1.8K 284 0
                                    

မှိုင်းညှို့မှုန်ရီနေတဲ့ ညနေခင်းကောင်းကင်ကြီးက မကြာမီမိုးရွာသွန်းတော့မယ့် အရိပ်အမြွက်ကို ဖေယ်ထုတ်ပြသနေတယ်။ပြိုင်ပွဲစင်မြင့်အနားမှာ ပတ်လည်ဝိုင်းနေတဲ့လူအုပ်ကြီးထဲမှာ စစ်သူကြီးမော့ရန်လဲ ပါဝင်နေတယ်။ဖန်းရှန်စယ်နဲ့ သူ့သားကတော့ နာမည်ကြီး ကျင်းသခင်လေး ကျင်းရှောင်ရောက်လာမယ့်အချိန်ကို စင်မြင့်ပေါ်ကနေ စောင့်မျှော်နေကြတယ်။

ရထားလုံး ရပ်တန့်သွားတာနဲ့ အစောင့်အကြပ်တွေက လင်ကျားချန်ကိုသယ်ဆောင်ပြီး စင်မြင့်ပေါ်ပို့ပေးခဲ့ကြတယ်။စင်မြင့်ပေါ်မှာ လင်ကျားချန် မြင်ဖူးနေတဲ့ ကျင်းမိသားစုဝင်တစ်ချို့တွေ့လိုက်ရတယ်။ငိုယိုနေသော ကျင်းသခင်မကြီးကို စိတ်ဓာတ်ကျနေတဲ့ ကျင်းသခင်ကြီးက နှစ်သိမ့်ပေးနေတယ်။အစ်ကိုဖြစ်သူ ကျင်းရှန်ကတော့ ချပ်ဝတ်တန်ဆာအပြည့်အစုံဝတ်ထားပုံအရ သတင်းကြားကြားချင်းတာဝန်ကျ တပ်စခန်းကနေ အပြေးရောက်လာခဲ့ပုံရတယ်။ညီဖြစ်သူရဲ့ ဆုံးဖြတ်ချက်ကို လက်မခံနိုင်တဲ့ ကျင်းရှန်က လင်ကျားချန် ကို ခေါင်းခါပြနေတယ်။လင်ကျားချန် အကြည့်လွှဲလိုက်ပြီး အစောင့်တွေကို အချက်ပြလိုက်ပြီး ပြိုင်ပွဲနဲ့မသက်ဆိုင်တဲ့သူတွေကို စင်ပေါ်ကနေ ဆင်းခိုင်းလိုက်တယ်။

လင်ကျားချန်က စာရွက်တစ်ရွက်ကို ထုတ်လိုက်ပြီး ဝေ့ယမ်းပြလိုက်တယ်။

"ဒီပြိုင်ပွဲအတွက် ငါ့အသက်ကို လောင်းကြေးထပ်ထားတယ်။အပြန်အလှန်အနေနဲ့ မင်းတို့နှစ်ယောက်စလုံး ငါနဲ့ပြိုင်ရမယ်....ဘယ်လိုလဲ စိတ်ဝင်စားစရာကောင်တယ်မလား??"

ဒီစာရွက်ကို ဖန်းရှန်းစယ်သိပ်သိတာပေါ့....မော့ရန် ကိုယ်တိုင်သူ့ကို လက်မှတ်ထိုးခိုင်းခဲ့တာစာရွက်ပဲဟာ.....ဖန်းရှန်းစယ် နှာမှုတ်နေပြီ.....

"ဘာတွေကများ ကျင်းသခင်လေးကို အခုလောက်ထိ ယုံကြည်မှုရှိစေတာလဲ??ဒီသားအဖနှစ်ယောက်ရဲ့ အသိပညာတွေကို ကျော်လွန်ပြီး အနိုင်ယူနိူင်မယ်လို့ ထင်နေတာလား??"

"ငြင်းချင်တယ်ဆိုလဲ လွတ်လွတ်လပ်လပ် ငြင်းလို့ရတယ်နော်....ကျုပ်ကတော့ အသုံးမကျတဲ့ဒီစက္ကူကိုသုံးပြီး လောင်းကြေးထပ်စရာရှာလိုက်ရုံပဲ"

Semeတစ်ယောက်ကိုပျိုးထောင်ရတာအရမ်းခက်ခဲတယ်Where stories live. Discover now