Arc 1 ​ကလေးထိန်းခြင်း(3)

6K 1K 12
                                    

အင်တာဗျုးဖြေပြီးတဲ့အခါ နောက်ထပ်စုဆောင်းရေးအရာရှိတစ်ယောက်က
လင်ကျားချန် ကို ရုပ်ပိုင်းဆိုင်ရာစစ်ဆေးဖို့ခေါ်သွားခဲ့တယ်။

"မင်း မြင်းစီးတတ်လား?"

"ကျွန်တော်တစ်ချက်လောက်ကြိုးစားကြည့်လို့ရမလား?"

ပြန်ဖြေရမယ့်အစားသူက သူ့ကိုယ်ပိုင်တောင်းဆိုချက်ကိုအရာရှိကိုအဆိုပြုလိုက်တယ်။

အရာရှိကခေါင်းညိတ်လိုက်တယ်။
လင်ကျားချန်ကအနက်ရောင်မြင်းတစ်ကောင်ကိုရွေးချယ်လိုက်တဲ့အခါအရာရှိတစ်ယောက် အတော်လေးအံ့သြသွားတယ်။ဒီမြင်းကို မော့ရန် ရဲ့ဘေးမှာရပ်နေတဲ့အရာရှိကလွဲရင် ဘယ်သူမှ ယဉ်ပါးအောင်ထိန်းကျောင်းလို့မရတဲ့အပြင်ဘယ်သူ့ကိုမှ ကျောပေါ်အတက်မခံပါဘူး။

တခြားစစ်သားတွေယဉ်ပါးအောင်မလုပ်နိုင်တဲ့မြင်းကို လင်ကျားချန် စီးနေတာကို မြင်တဲ့အခါ အရာရှိက ပြုံးပြီးကြည့်နေခဲ့တယ်။ကြည့်ရတာ မြင်းကသူ့ရဲ့သခင်ကိုရွေးလိုက်ပြီထင်တယ်.......

လင်ကျားချန် က ကွင်းကို တစ်ပတ်၊နှစ်ပတ်လောက် ပတ်ပြီးမြင်းစီးစွမ်းရည်ကိုပြသပြီးနောက် နောက်ထပ်စစ်ဆေးမှုတွေကိုခံယူဖို့ စစ်သားတွေဆီကိုသွားလိုက်တယ်။

အမျိုးမျိုးသော လက်နက်တွေကို စားပွဲပေါ်မှာသေချာစီရီထားတယ်။

"လက်နက်တစ်ခုရွေးပြီး မင်းရဲ့စွမ်းရည်ကိုပြလိုက်။ဒါမှ မင်းရဲ့ရာထူးကိုသတ်မှတ်ပေးလို့ရမှာ"

"ဟုတ်!!"

လင်ကျားချန် ရဲ့ လက်တွေက လက်ဝဲကနေ လက်ယာကိုဝှေ့ဝဲနေခဲ့တယ်။သူ့ရဲ့ဝေခွဲမရဖြစ်နေတဲ့အမူအရာကြောင့်သူက မြင်းစီးတာတစ်ခုပဲကျွမ်းကျင်တယ်လို့အရာရှိကထင်သွားခဲ့ပါတယ်။

ဒါပေမယ့် ဘယ်သူမှမသိလိုက်တာက
မော့ရန်လေးရဲ့ရှေ့မှာ ဘယ်လက်နက်ကိုသုံးပြီး သူ့ရဲ့Skillတွေကိုကြွားရမလဲလို့
လင်ကျားချန်တွေးနေတာကိုပါ......

သူက ဒီMission ကိုမထမ်းဆောင်ခင်ကတည်းက လေ့ကျင့်ရေးခန်းထဲမှာ လက်နက်အမျိုးမျိုးကို ကျွမ်းကျင်စွာသုံးတတ်အောင်သင်ယူခဲ့ပြီးပါပြီ။ဒါပေမယ့် ဒီကျွမ်းကျင်မှုတွေကို တစ်ခါမှထုတ်မပြရသေးတာကြောင့် သူအရမ်းစိတ်လှုပ်ရှားနေပါတယ်။

Semeတစ်ယောက်ကိုပျိုးထောင်ရတာအရမ်းခက်ခဲတယ်Where stories live. Discover now