မျက်နှာတစ်ခု၊အသွင်ကွဲနှစ်မျိုး (13)

3.4K 324 4
                                    

"အဖေ တစ်ယောက်ဖြစ်ပေမယ့် စစ်သူကြီးမော့လို ဖခင်ကောင်းတစ်ယောက် မဖြစ်ပေးနိုင်ခဲ့တဲ့အတွက် အရှက်ရမိပါတယ်....တောင်းလဲ တောင်းပန်ပါတယ်"

မော့ရန်ရဲ့ လက်မောင်းတွေကို တင်းကြပ်စွာဆုပ်ကိုင်ပြီး အသက်ကို ခက်ခက်ခဲခဲ ရှူနေရတယ်။မယုံနိူင်လောက်အောင် တိတ်ဆိတ်နေတဲ့ မော့ရန် ကြောင့် လင်ကျားချန် ထိတ်လန့်လာတယ်။မော့ကြည့်လိုက်တဲ့အချိန်မှာ မော့ရန်ရဲ့ မျက်လုံးတွေမှိတ်ကျနေပြီး သူ့ကိုဖက်တွယ်ထားတဲ့လက်တွေလဲ ပြေလျော့သွားခဲ့တယ်။ပထမဆုံးအကြိမ်အဖြစ် လင်ကျားချန် မော့ရန် ကို အတင်းအကြပ်ဖက်တွယ်ဖို့ကြိုးစားမိခဲ့တယ်....သို့ပေမယ့် မော့ရန်ကိုယ်ပေါ်မှာစိုရွဲနေတဲ့ သွေးတွေက သူအန်ထုတ်ထားတဲ့သွေးတွေထက် ပိုများနေတယ်။

//သူ ဒဏ်ရာရထားတာလား??ဘာလို့မပြောပြတာလဲ?? ဒါက....သူနဲ့မတူတော့သလိုပဲ//

ဒီမေးခွန်းကို အာရုံတစ်ခုလုံး ဗလာကျင်းပြီး ဒီကမ္ဘာကနေ မထွက်ခွာသေးခင်အချိန်လေးမှာ မေးခွန်းထုတ်မိခဲ့ခြင်းဖြစ်တယ်။

အမြင်အာရုံတွေပြန်ရချိန်မှာ Portal တံခါးဝကိုပြန်ရောက်နေခဲ့ပြီ....

ပုံမှန်အတိုင်းလို့ ထသ်နေရပေမယ့် ပုံမှန်မဟုတ်ခဲ့ပြန်ဘူး....သူ့ကို ကြိုဆိုနေတဲ့ စီနီယာဖန်ရှင်းက မျက်မှောင်ကြုံ့ထားသလားလို့....

"အဆင်ပြေခဲ့ရဲ့လား??"

"အင်းး"

ဒီအချိန်မှာ ဘယ်လိူအမူအရာမျိုးနဲ့တုံ့ပြန်ရမလဲ တကယ်မသိတော့ဘူး.....

"အမှတ်တွေတွက်ချက်ပြီး Accountထဲ ထည့်ပေးထားတယ်။ကြားဖြတ်Mission က ရတဲ့ အမှတ်တွေကို နောက်ကမ္ဘာတွေမှာသုံးလို့ရအောင်ထည့်ပေးထားတယ်။ကျင့်ကြံရေးအရင်းမြစ်တွေဝယ်တာပဲ ဖြစ်ဖြစ် ငွေကြေးနဲ့လဲတာပဲဖြစ်ဖြစ် ကြိုက်သလိုသုံးလို့ရတယ်....အဆင်​ပြေတယ်ဆိုတာ သေချာရဲ့လား ကျားချန်"

"ကျွန်တော် အဆင်ပြေပါတယ်....ကျင့်ကြံရေးကမ္ဘာမှာ ထူးထူးခြားခြား ဖြစ်ပျက်သွားတာများရှိသေးလား စီနီယာ..."

လင်ကျားချန်ကို ရှင်းပြဖို့ စာမျက်နှာတစ်ချို့လှန်ပြီးချိန်မှာ ဖန်ရှင်းတစ်ယောက် အမြင်အာရုံတွေပြာဝေသွားရတယ်....

Semeတစ်ယောက်ကိုပျိုးထောင်ရတာအရမ်းခက်ခဲတယ်Where stories live. Discover now