Intro

8.6K 509 17
                                    

《Unicode》
ဇာတ်လမ်းအကျဥ်း

ရှားယောင် သူမဘာသာ ကိုယ်ပိုင်အသိ​ရလာချိန်မှာ သူမဟာ စာရေးဆရာတစ်ယောက်ဖန်တီးထားတဲ့ ဉာဏ်တုံးပြီးဆိုးညစ်တဲ့ အမျိုးသမီးဇာတ်ကောင်တစ်ယောက် ဖြစ်နေတယ်ဆိုတာ သိလိုက်ရတယ်။

အဲ့ဒီဝတ္ထုရဲ့ဇာတ်လိုက်မဟာ ယဥ်ကျေးသိမ်မွေ့ ကြင်နာနူးညံ့သတဲ့။ သူမဟာ ရှားယောင်ပျောက်သွားတဲ့အချိန်မှာ ကောက်ပြီးမွေးစားလိုက်တဲ့ သမီးအတုလေးပေါ့။ ဆယ်စုနှစ်တစ်ခုတိုင် ကြာသွားပြီးတဲ့နောက်မှာ သမီးအရင်းက သူမရဲ့မိသားစုဆီ ပြန်ရောက်လာခဲ့တယ်။ ဒါပေမဲ့ သူမ စိတ်ကူးထားသလို ဖြစ်မနေတာက သူမမိဘတွေက အိမ်မှာမရှိနေတဲ့အပြင် အစ်ကိုဖြစ်သူကလည်း သမီးအတုကိုပဲ မျက်နှာသာပေးပြီး ရှားယောင်ကိုတော့ အဖတ်တောင်မလုပ်ဘူးတဲ့။

ဝတ္ထုထဲမှာ လူတိုင်းက သမီးအတုကို သဘောကျကြတယ်။ ပြီးတော့ လူငယ်သုံးယောက်ကလည်း တစ်ပြိုင်တည်း သူမကို ချစ်နေပြန်သတဲ့။ အဲ့တော့ သမီးအရင်းက မနာလိုတွေဖြစ်ပြီး ရူးသွပ်တဲ့ဘက်ကိုရောက်သွားတာပေါ့။ ထုံးစံအတိုင်းပါပဲ။ သမီးအရင်းဟာ သမီးအတုကို ထိခိုက်အောင်လုပ်မလို့ကြံကာမှ အဆစ်သေသွားခဲ့တယ်။

ဒါပေမဲ့ အခုကတော့...

ရှားယောင် : နောက်ဆုံးတော့ IQ အွန်လိုင်းပေါ်တက်လာပြီ။ တာ့တာ ခွေးသားလေးတွေရေ။ ငါ စာပဲလုပ်ချင်တာ!

တစ်ရက်တော့ ရှားယောင်ဟာ သူမရဲ့အစ်မအတုဖြစ်တဲ့ ဇာတ်လိုက်မကို သန့်စင်ခန်းထဲခေါ်ပြီး ရက်ရက်စက်စက်ပြောနေလေရဲ့ ။ အဲ့ဒီသတင်းကို ကြားတာနဲ့ သမီးအတုရဲ့ အမျိုးကောင်းသားသုံးယောက်ဟာ အပြေးအလွှားရောက်လာကြတာပေါ့။ သူတို့ တံခါးကို ကန်ဖွင့်လိုက်တဲ့အချိန်မှာတော့...

"အားလုံးအမှားတွေချည်းပဲ! နင်က နင့်မိဘပေးတဲ့ ပညာရေး ပြီးတော့ ဆရာတွေရဲ့ ဂရုတစိုက်သင်ပေးတဲ့ စာတွေနဲ့တောင် ထိုက်တန်လို့လား"

သူတို့မြင်လိုက်တာက... မိန်းကလေးတစ်ယောက် လက်ဆေးဘေစင်ပေါ်ထိုင်နေကာ ခက်ထန်နေသောမျက်နှာထားဖြင့် မှန်ကိုရိုက်ခွဲလိုက်တာကိုပါပဲ။ သူမဘေးပတ်ပတ်လည်မှာလည်း သင်္ချာပုံသေနည်းတွေရေးထားတဲ့ မှန်တွေရှိနေလေတယ်။

ဖယ်စမ်း!ငါစာလုပ်မလို့!《ဖယ်စမ်း!ငါစာလုပ်မလို့!》Where stories live. Discover now