《၃》

2.3K 430 21
                                    

《Unicode》
အခန်း ၃။ အချစ်ငှက်တို့ ပျက်စီးစေ

အောင်မြင်တဲ့ ဗီလိန်တစ်ယောက် အနေနဲ့ အရင်ရှားယောင်ကတော့ ကျိဟွိုင်းဘယ်လောက်တော်လဲ၊ ဘယ်လောက်ကောင်းလဲ ဆိုတဲ့အကြောင်း သုံးရက်၊သုံးညတိုင် မနားတမ်းပြောနေမှာ အမှန်ပင်။

ကိုယ်ပိုင်အသိရသွားတဲ့ အခုရှားယောင်အတွက်ကျတော့ ကျိဟွိုင်းကောင်းကြောင်းနဲ့ပတ်သက်ပြီး တစ်ခုသာမေးလိုက်ချင်ပေသည်။ သူက ငါစာလုပ်ရတာထက် ပိုကောင်းနေလို့လား ပေါ့။

'လူချမ်းသာသုံးယောက်ရဲ့ ချစ်သည်းသက်' အရ ရှားယောင်ဟာ ကျိဟွိုင်းကို စိတ်ရင်းနဲ့အရူးအမူးကို ကြိုက်ခဲ့လေသည်။ သူဟာ သူမကို သဘောမကျတဲ့အကြောင်းနဲ့ သူ့နှလုံးသားထဲမှာ သူ့အစ်မသာရှိနေတဲ့အကြောင်း သိသွားတဲ့အချိန်မှာတော့ သွေးရူးသွေးတန်းဖြစ်သွားပြီး ခေါင်းကြေကာ သွေးအန်လေတော့သည်။
(ခေါင်းကြေကာသွေးအန် = အလွန်အမင်းစိတ်ထိခိုက်)

သူမဟာ ထိုကောင်လေးအား မရပ်မနား အနှောက်အယှက်တွေ လိုက်ပေးပြီး သူဘယ်သွားသွား အနောက်က တကောက်ကောက် လိုက်တော့သည်။ သူက သူမအား မုန်းတီးနေတာကို သဘောမပေါက်ပါပဲ သူမကို ဘယ်လောက်ပဲ လျစ်လျူရှုရှု၊ ဘယ်လောက်ပဲ ရက်ရက်စက်စက်လုပ်ပါစေ သူ့အနား အမြဲကော်လို ကပ်နေခဲ့လေသည်။ သူမမှာ ဘာမှမရှိတော့တဲ့ထိတိုင် အဆုံးထိကပ်နေခဲ့လေသည်။

ရှားယောင်ဟာ သူမဘေးက ခဲလုံးတစ်လုံးကို ရှားရှီဆီ လှမ်းကန်လိုက်သည်။ သူမမှာ ကိုယ်ပိုင်အသိရှိနေတာပဲဖြစ်ဖြစ်၊ မရှိနေတာပဲဖြစ်ဖြစ် အဲ့ဒီဇာတ်လိုက်မကြာဖြူကို တကယ်ကြည့်မရပေ။

"ရှားယောင် လက်မလွန်စေနဲ့လေ! ကျောင်းဆင်းချိန်ဆို ဘာလို့နေ့တိုင်း အတန်းဖော်တွေကို လိုက်အနိုင်ကျင့်နေရတာလဲ"

ရှားရှီဟာ ရှားယောင်ကို ဆူလိုက်ပြီးတော့ အင်္ကျီအဖြူဝတ်ထားတဲ့ကောင်လေးဆီလှည့်လိုက်ကာ ...

"ကျွန်မကပဲ တောင်းပန်ပါတယ်။ ကျွန်မညီမလေးက ဒီလိုလုပ်နေမယ်လို့ ဘယ်လိုမှ မထင်ထားလို့ပါ။ ကျွန်မ သူမကို ကောင်းကောင်းဂရုမစိုက်မိဘူး။ တောင်းပန်ပါတယ်ရှင်..."

ဖယ်စမ်း!ငါစာလုပ်မလို့!《ဖယ်စမ်း!ငါစာလုပ်မလို့!》Where stories live. Discover now