《၉》

2.1K 388 22
                                    

《Unicode》
အခန်း ၉။ မောင်နှမအရင်းချာ

အချိန်ကာလာတစ်ခုကြာပြီးနောက် ရှားယောင်ဟာ သူမကိုယ်ပိုင်အသိပြန်ရချိန်မှစပြီး လေ့လာထားသမျှ အသိပညာဗဟုသုတများစွာကို ပိုင်ဆိုင်နိုင်ခဲ့သည်။ IQ ထက်ထက်လေးပြန်ရလာလို့လည်း ပျော်ရွှင်နေမိသည်။ ဒါပေမဲ့ အဲ့ဒီအချိန်အတောအတွင်း ထူးဆန်းနေတာလေးတစ်ခုက ကျိဟွိုင်းဟာ ဝတ္ထုထဲကလို သူမကို အထူးမုန်းနေတာမျိုး ရှိမနေ​ပေ။ နေ့တိုင်း သူမရဲ့ ပရဟိတလုပ်အားပေးပွဲပြီးသည်အထိ စောင့်နေတတ်ကာ အိမ်အတူတူပြန်ကြသည်။ တခါတလေ သူမအတွက် အာလူးချောင်းကြော်နဲ့ ကြက်ကြော်ကိုပါ ဝယ်ထားတတ်သည်။

တစ်ဖက်က ရှုရှီကျိုးကလည်း အပြောနဲ့အလုပ်မညီတာတွေ လုပ်လုပ်နေတတ်သည်။ အတန်းစတာနဲ့ သိုးအောင်အိပ်ကာ ခေါင်းလောင်းထိုးရင်လည်း သူများထက်အရင်ပြေးသွားတတ်သည်။ တစ်ခါတလေ ရှားယောင်ဟာ သူ့ကို စာနည်းနည်းရှင်းပြပေမယ့် သူ့ကိုကြည့်ရသည်မှာ တစ်လုံးမှနားလည်နေပုံမရ။ သူမကိုယ်သူမ သစ်တုံးကြီးနဲ့ စကားပြောနေမိသလို တွေးမိတော့သည်။

နေ့ရက်တွေကလည်း တစ်ရက်ပြီးတစ်ရက်ကုန်ဆုံးသွားကာ စောင့်ဆိုင်းနေကြတဲ့ စန္ဒယားပြိုင်ပွဲနေ့ကိုပင် ရောက်လာခဲ့သည်။

ရှားယောင်က မသွားချင်ပေ။ ရှားယွမ်ရဲ့ဖျော်ဖြေမှုကို ကြည့်ရတာထက် စာလုပ်ရတာက ပိုအရေးကြီးသည်ဟု ယူဆထားသောကြောင့်ပင်။ ထို့ပြင် သူမနဲ့ အစ်ကိုဖြစ်သူကြား ဆက်ဆံရေးကား ဆိုးရွားနေသည်။ အထူးသဖြင့် ကျိဟွိုင်းနှင့်အတူ ကြက်ကြော်စားနေတာကို တွေ့သွားခဲ့ပြီးနောက်ပိုင်းမှာ ပို၍ပင်ဆိုးရွားလာခဲ့သည်။

[ ၉:၀၀ နာရီမတိုင်မီ အမျိုးသားပြဇာတ်ရုံရဲ့ စင်နောက်မှာ လူလုံးပြပြီး 'လူချမ်းသာသုံးယောက်ရဲ့ ချစ်သည်းသက်' ဇာတ်ကြောင်းကိုပြည့်စုံအောင် သေချာလုပ်ဆောင်ပါ]

ရှားယောင် ယခုဇာတ်ကွက်ကို မှတ်မိသည်။ သွေးရင်းအယောင်ဆောင်ကတော့ အယောင်ဆောင်ဆိုတော့အတိုင်း ရှားယွမ်ဟာ လူကွယ်ရာမှာ ရှားရှီကို ရှက်သွေးဖြာသွားအောင် ကျီစားလို့နေသည်။ သူတို့ကလူနေတာကို ရှားယောင်မြင်သွားချိန်မှာတော့ ရှားယောင်နဲ့ရှားရှီကြားအဖုအထစ်က ပိုပြီးအရှိန်မြှင့်လာခဲ့လေသည်။

ဖယ်စမ်း!ငါစာလုပ်မလို့!《ဖယ်စမ်း!ငါစာလုပ်မလို့!》Where stories live. Discover now