《၁》

3.7K 474 20
                                    

《Unicode》

အခန်း ၁။ ကိုယ်ပိုင်အသိ​ဖြင့် နိုးထလာခြင်း

စက်တင်ဘာလကုန်ရဲ့ အပူချိန်ဟာ နွေရာသီရဲ့အပူရှိန်ကို ဆက်လက်သယ်ဆောင်လာဟန် ရှိလေသည်။ ရှားယောင် လက်ဆန့်ထုတ်လိုက်ပြီး နဖူးကို စမ်းလိုက်သည်။ နည်းနည်းတော့ ပူနေသယောင်။

'ပူတဲ့နေ့မှာ အအေးမမိပဲ နေကြရအောင်လား!'

သူမ မျက်ခွံကိုအတင်းဖွင့်လိုက်ပြီး သင်ပုန်းကို နှစ်မိနစ်လောက် ကြည့်နေလိုက်သေးသည်။ သူမမျက်လုံးတွေ လေးလံနေပြီး နားတွေလည်းအူလာသည်။

သူမ တကယ်ကို ထိန်းထားမနိုင်တော့ပေ။ သူမ ဒီလိုဖြစ်နေတာ ဘယ်သူမှ အပြစ်ပြောမှာတော့ မဟုတ်ဘူးမလား။ သူမ မျက်လုံးမှိတ်လိုက်ပြီး ဘယ်လက်ကိုမြှောက်ကာ အေးအေးဆေးဆေး အော်ပြောလိုက်သည်။

"ဆရာ... သမီး သန့်စင်ခန်း သွားမှဖြစ်တော့မယ်!"

သူမအသံက အရမ်းကြီးမကျယ်ပေမယ့် အတန်းထဲက မျက်လုံးတွေအားလုံးက သူမဆီရောက်လာလောက်တဲ့အထိ လုံလောက်ခဲ့သည်။ အဆက်မပြတ်ပြောနေခဲ့တဲ့ ဆရာလီဟာ စိတ်အနှောက်အယှက်ဖြစ်သွားပြီး အတန်းရဲ့နာမည်ကြီးငြှောင့်ကို စိုက်ကြည့်လိုက်သည်။

'ဒီကောင်မလေးက မျက်လုံးမှိတ်ထားလိုက်သေးတယ်။ ဘယ်သူ့ကိုမှ ဂရုမစိုက်သလိုနဲ့ မောက်မာနေလိုက်သေး!'

"ရှားယောင်... ဒီအတန်းစတာ မိနစ်နှစ်ဆယ်ပဲရှိသေးတယ်။ နင်သွားတာ ငါးခေါက်တောင်ရှိနေပြီ! နင် မထီလေးစားလာလုပ်နေတာလား"

ဆရာဖြစ်သူရဲ့ဒေါသကို ဂရုမစိုက်ပဲ ရှားယောင် တန်းတန်းမတ်မတ်ရပ်လိုက်သည်။ ဆရာအော်ပြောနေတဲ့ အော်သံနဲ့အပြိုင် သူမလည်းပြောလိုက်သည်။

"သမီး ထိန်းမနိုင်တော့ဘူး။ ဒါ အရမ်းအကျပ်ရိုက်တယ်!"

သူမလှည့်ထွက်လိုက်ပြီး အခန်းအနောက်တံခါးကို ဖွင့်လိုက်သည်။ သူမလည်းထွက်သွားရော အခန်းတစ်ခန်းလုံး ဝါးလုံးကွဲအောင် အော်ရယ်နေတဲ့အသံနဲ့ ပြည့်နှက်သွား​လေသည်။

ရှားယောင် သန့်စင်ခန်းကို ဦးတည်လိုက်သည်။ မျက်နှာကို ရေအေးအေးနဲ့သစ်လိုက်တော့ အပူ နည်းနည်းသက်သာလာခဲ့သည်။ သူမ စာသင်ခန်းဆီပြန်ဖို့လုပ်တော့ ရုတ်တရက် တစ်ခုခုကို တွေးမိသွားသည်။ အဲ့ဒီနောက် ရေခဲတစ်အိတ်ယူဖို့ ကန်တင်းဆီ လမ်းကြောင်းပြောင်းလိုက်လေသည်။

ဖယ်စမ်း!ငါစာလုပ်မလို့!《ဖယ်စမ်း!ငါစာလုပ်မလို့!》Where stories live. Discover now