《၅》

2.2K 417 27
                                    

《Unicode》
အခန်း ၅။ အစ်ကိုရဲ့ နေ့စဥ်ဂရုစိုက်မှု

ဉာဏ်တုံးတဲ့အမျိုးသမီးဇာတ်ကောင်ရဲ့ အစ်ကိုဖြစ်သူ ရှားယွမ်သည် စန္ဒယားကိုကျွမ်းကျင်ပိုင်နိုင်စွာ တီးခတ်နိုင်သည်။ စိတ်ထားကောင်းသူလည်းဖြစ်ပြီး ဆယ်ကျော်သက်အရွယ်ကတည်းကပင် အနုပညာရှင်တစ်ယောက်၏ အသွင်အပြင်နှင့် အမူအကျင့်ကို ပိုင်ဆိုင်ထားသည်။ အခုတော့ ရှားယောင်ဟာ တံခါးဝမှာ မှုန်ကုပ်ပြီးရပ်နေတဲ့ လူငယ်ကို တည်တည်ငြိမ်ငြိမ်နဲ့ ကြည့်နေသည်။

'ဒီလူတွေအားလုံးကို အနုပညာရှင်တစ်ယောက်လို ပုံဖော်ထားပေမယ့် ဆယ်ယောက်မှာကိုးယောက်က ဟန်လုပ်လေထုံးထွားတဲ့ ပုံစံတွေချည်းပဲ။ အစ်ကိုဖြစ်သူကလည်း အဲ့ဒီထဲက တစ်ယောက်အပါအဝင်ပါလား'

အာ...ဒီ ပါရမီရှင်အနုပညာသမားက ပြည်ပထွက်ပြီးဆုနိုင်ရမယ့်အခွင့်အရေးအစား ပြည်တွင်းမှာပဲဆက်နေဖို့ ရွေးချယ်ခဲ့သည်။ အကြောင်းအရင်းက သူ့ရဲ့ ညီမအတုလေးကို ပုံမှန်မဟုတ်တဲ့အချစ်နဲ့ချစ်နေပြီးအိမ်ပြန်တိုင်း သူမကို တွေ့ချင်သည်တဲ့။ ရှားယောင် သူမအစ်ကိုဖြစ်သူကို ခဏလောက်ကြည့်လိုက်သည်။

'ဒီလို ပုံမှန်မဟုတ်တဲ့အချစ်တွေမှာ လေ့လာခြင်းရနံ့တွေများ ရှိနေလား'

ရှားယွမ်ရဲ့ စိုက်ကြည့်နေတဲ့အကြည့်က သဘာဝကျကျပဲသူမကိုကျော်သွားကာ သူမအနောက်က ဖျော့တော့နေတဲ့ရှားရှီထံ ရောက်သွားသည်။ ရှားရှီကိုမြင်လိုက်ရချိန် သူလန့်သွားသည်။ အဖြူရောင်မင်းသမီးလေးဂါဝန်နဲ့သူမဟာ ပါးပြင်နှစ်ဖက်နီရဲနေကာ နည်းနည်းမသက်မသာဖြစ်နေပုံရသည်။

"ရှားယောင်...နင် ရှောင်ရှီကို အနိုင်ထပ်ကျင့်ပြန်ပြီလား" သူ ချက်ချင်းမေးလိုက်တော့သည်။

အာ...သူ့ကို ကြည့်လိုက်ပါဦး။ ညီမနှစ်ယောက်ပေမယ့် တစ်ယောက်ကိုတော့ အိမ်မွေးတိရစ္ဆာန်နာမည်လေးလိုခေါ်ပြီး နောက်တစ်ယောက်ကိုကျတော့ အေးစက်စက်ခေါ်လေသည်။ အဲ့ဒီနှစ်ချက်ကို  ကြည့်လိုက်ရုံနဲ့ တကယ်ကိုသိသာလှသည်။

အရင်နှစ်တုန်းက အကြာကြီးပျောက်သွားခဲ့တဲ့ သူ့ညီမလေးက အိမ်ပြန်ရောက်လာတော့ သူ သူမကိုတအားချစ်သေးသည်။ ဒါပေမဲ့ သိပ်တောင်မကြာလိုက်။ သူ့ရဲ့ သည်းခံနိုင်စွမ်းက ကုန်သွားတော့သည်။ မိုက်မဲတုံးအပြီး စိတ်ပုတ်တဲ့ညီမမျိုး သူ မလိုချင်ပေ။ သူမက အတန်းမှာဆိုရင် အဆင့်က နောက်ဆုံးကရေရင် အဆင့်နှစ်ဖြစ်ပြီး အမြဲလိုလို ခပ်ဆိုးဆိုးကလေးတွေနဲ့လည်း ရောရောနှောနှောရှိတတ်သေးသည်။

ဖယ်စမ်း!ငါစာလုပ်မလို့!《ဖယ်စမ်း!ငါစာလုပ်မလို့!》Where stories live. Discover now