《၈》

2.2K 415 39
                                    

《Unicode》
အခန်း ၈။ အာလူးချောင်းကြော်နဲ့ ကြက်ကြော်

ရှားရှီ စိတ်နည်းနည်းညစ်နေသည်။ မနက်တုန်းက ကျောင်းသားတစ်ယောက်က သူမနဲ့အတူ ကြောင်စာကျွေးဖို့ လာခဲ့ပါမည်ဟု ပြောခဲ့သည်။ သူ့ကို အချိန်အကြာကြီးစောင့်နေပေမယ့် သူကတော့ မပေါ်လာသေးပေ။ ပြီးတော့ သူက အရမ်းလည်းကြည့်ကောင်းသေးသည်။ ဘာလို့ သူ့ကို အရင်ကမမြင်ဖူးရလဲဆိုတာ သူမအံ့သြနေမိသည်။

ရှားယောင်ကတော့ ဝတ္ထုရဲ့ဇာတ်ကြောင်းကို နှောကြေနေလေပြီ။ ဇာတ်လိုက်မဟာ နူးညံ့ကြင်နာသည်။ အထူးသဖြင့် တိရစ္ဆာန်အသေးလေးတွေအပေါ် ပိုပြီးဂရုစိုက်တတ်သည်။ သူမဟာ တခါတလေ ကြောင်စာယူလာပြီး လာကျွေးဖြစ်သည်။ ထိုနည်းက ကောင်ဆိုးလေး ရှုရှီကျိုးရဲ့ အာရုံကို ဖမ်းစားသွားနိုင်ခဲ့သည်။

သူမဟာ လမ်းတစ်လျှောက်လုံး ရှားရှီနောက်သို့ အေးအေးဆေးဆေး လိုက်လာခဲ့သည်။ လိုက်လာရင်းနဲ့ စားဖို့အတွက် ကိုလာနဲ့ ကြက်ကြော်၊အာလူးချောင်းကြော် တစ် set ကိုပါ ဝယ်လာခဲ့သေးသည်။

ရှားရှီသည်လည်း အာရုံငါးပါးတွင် ထုံနေသူတော့မဟုတ်။ သူမ လမ်းကွေ့လိုက်တာနဲ့ သူမအနောက်သို့ တစ်ယောက်ယောက်လိုက်လာနေသည်ကို သတိထားမိသွားသည်။

'မနက်တုန်းက ကောင်လေးလားမသိ'

Convenience store မှာတုန်းက ထိုကောင်လေး အနေနည်းနည်းခက်နေပုံကို တွေးမိသွားသည်။ သူမဟာ ထိုကောင်လေး လာကူညီမှာကို စောင့်နေပေမယ့်လည်း သူ့အစား ရှားယောင်က အအေးဘူးယူပေးသွားခဲ့သည်။ ကံကောင်းစွာနဲ့ သူမတို့နှစ်ယောက်ဟာ ကြောင်အကြောင်းနဲ့ စကားလက်ဆုံကျခဲ့ကြသည်။ ထိုအချိန်မှာ သူရဲ့ခက်ထန်ရဲ့မျက်နှာအောက်မှာ နွေးထွေးတဲ့နှလုံးသားရှိနေတာကို သူမတွေ့သွားခဲ့သည်။

'သေချာပေါက် သူရှက်နေလို့ တစ်လျှောက်လုံး အနောက်ကလိုက်နေတာ ဖြစ်ရမယ်'

ထိုသို့သဘောပေါက်လိုက်သည်နက် ရှားရှီရဲ့ ခြေလှမ်းများဟာ ပိုပြီးသွက်လာတော့သည်။

ရှားယောင် ရောက်လာချိန်မှာတော့ လှေကားနဲ့ အမှိုက်ပုံးကြားမှာ အပျင်းကြီးပြီး လှဲနေကြတဲ့ ကြောင်အရိုင်းလေးတွေဟာ တစ်ခါတည်းနိုးလာပြီး သူမဆီသို့ လာကြလေသည်။ ကြက်ကြော်အနံ့သင်းသင်းလေးက သူတို့ကို ဆွဲဆောင်လိုက်သောကြောင့်ပင်။ ရှားယောင်ဟာ ကြောင်တွေ သူမဆီလာပြီး ဝိုင်းလာမှာကို ကြောက်တာနဲ့ အမှောင်ထဲ ဝင်ပုန်းလိုက်ပြီး သူမရဲ့အစာကို ဖွက်လိုက်တော့သည်။

ဖယ်စမ်း!ငါစာလုပ်မလို့!《ဖယ်စမ်း!ငါစာလုပ်မလို့!》Where stories live. Discover now