《၁၄》

2.1K 430 36
                                    

《Unicode》
အခန်း ၁၄။ ငါတော့ မိန်းကလေးတွေကို ရိုက်တယ်

သူမရဲ့အလုပ်ပြီးသွားတော့ ရှားယောင်ရင်ထဲတွင် ပို၍သက်တောင့်သက်သာဖြစ်သွားသည်။ သူမ အကြည့်များက ရွှင်ပျနေကာ ခြေလှမ်းတိုင်းကလည်း တက်ကြွမှုအပြည့်ပင်။ ဒါတင်မက သူမ ဖြေခဲ့သည့် မေးခွန်းစာရွက်က သင်္ချာမေးခွန်းအားလုံးကလည်း မှန်နေသေးသည်။

သီးသန့်ခန်းထဲသို့ဝင်ပြီး ရှားရှီရဲ့ပျက်ယွင်းနေတဲ့မျက်နှာကို ကြည့်စရာလည်းမလိုတာကြောင့် အနားယူရင်းဖတ်ဖို့ စာအုပ်ရှာပုံတော်ဖွင့်လိုက်သည်။

စာအုပ်စင် တစ်စင်နဲ့တစ်စင်ကြားရှိ လျှောက်လမ်းက အလွန်ကျဥ်းလေသည်။ ရှားယောင်ဟာ လမ်းတစ်လျှောက်လုံး စာအုပ်စင်အား အထက်အောက် စုန်ဆန်ကြည့်ကာ သူမစိတ်ဝင်စားသည့် စာအုပ်ကို ရှာနေသည်။

"အချမ်းသာဆုံးလူဖြစ်အောင် ဘယ်လိုလုပ်မလဲ"

"ပုံစံတူ ငွေရှာခြင်း"

"ချမ်းသာချင်ရင် ငါ့နောက်လိုက်"

"စီးပွားရေးစလုပ်ချိန် ငါမသိခဲ့သောအရာများ"

...

'အား...မိုက်လိုက်တာ! မြို့တော်T စာကြည့်တိုက်မှာ စိတ်ဝင်စားစရာတွေအများကြီးပဲ!'

ရှားယောင် စာအုပ်တစ်အုပ်ချင်းကို ပျော်ရွှင်စွာဖြင့် လိုက်ကြည့်နေသည်။ ဘယ်တစ်အုပ်ကို အရင်စဖတ်ရမလဲဆိုပြီး ခက်ခက်ခဲခဲဆုံးဖြတ်ချက်ချနေသည်။

ရူးနေတဲ့အစ်ကိုဖြစ်သူ မောင်းထုတ်ခြင်းထက် သူမကိုယ်တိုင် ရှားမိသားစုမှ အရင်ထွက်လာချင်ပေသည်။ ထိုမတိုင်ခင်တွင် ကိုယ့်ဘာသာရပ်တည်နိုင်ဖို့ ပိုက်ဆံအရင်စုထားရဦးမည်။

ရှားယောင်ဟာ စာအုပ်ပင်လယ်ထဲတွင် နစ်မြုပ်သွားပြီးနောက် နောက်ဆုံးတော့ သူမဖတ်ဖို့ "ငါကအချမ်းသာဆုံး" ဆိုသည့် စာအုပ်တစ်အုပ်ကို ရွေးထုတ်နိုင်ခဲ့လေသည်။ ဒါပေမဲ့ ထိုစာအုပ်က အလွန်မြင့်သည့်နေရာတွင်ရှိနေသည်။ သူမတွင် ခြေတံရှည်ရှိနေတာတောင်မှ ခြေဖျားထောက်နေရသေးသည်။ သူမ လှမ်းမယူနိုင်သေးခင်တွင် အနည်းငယ်မတည်မငြိမ်ဖြစ်သွားပြီး အနောက်သို့ယိုင်သွားသည်။ သူမ နွေးနေတဲ့နံရံကို ထိမိသွားချိန် သူမအနောက်တွင် တစ်ယောက်ယောက်ရပ်နေသည်ကို သတိထားမိလိုက်သည်။

ဖယ်စမ်း!ငါစာလုပ်မလို့!《ဖယ်စမ်း!ငါစာလုပ်မလို့!》Where stories live. Discover now