《၁၃》

2K 410 11
                                    

《Unicode》
အခန်း ၁၃။ ဟန်ဆောင်တောင်းပန်ခြင်း

ရှားရှီဟာ နှစ်ဝက်စာမေးပွဲကြောင့် ဖိအားများနေလေသည်။ ထိုကြောင့် စနေနေ့တွင် စာကြည့်တိုက်မှ ကိုယ်ပိုင်စာကြည့်ခန်း၌ စာလုပ်ကြရန် အတန်းအေမှသူငယ်ချင်းများနှင့် တိုင်ပင်ထားခဲ့ကြသည်။ သူမ စောစောထကာ လှလှလေးဝတ်ဆင်ထားသည်။ သူမအောက်ထပ်ကို ဆင်းလာလိုက်သည်နက် အပြင်ကိုအတူတူထွက်သွားကြသည့် ရှားယောင်နှင့်ကျိဟွိုင်းတို့ရဲ့ နောက်ကျောကိုသာတွေ့လိုက်ရသည်။ ဘာဖြစ်လို့ ဒီတောသူမငတုံးက ထိုကောင်လေးနှင့် ဆက်ဆံရေးကောင်းနေရတာလဲဆိုတာ သူမနားမလည်နိုင်။ သူမ အိမ်ပြန်လာချိန်တိုင်း သူတို့နှစ်ယောက်ဟာ အမြဲတပူးပူးတတွဲတွဲ ဖြစ်နေတတ်သည်မို့ပင်။

'ကျိဟွိုင်းက တုံးတဲ့လူကိုကြိုက်တာလား။ မဖြစ်နိုင်ဘူး။ ရှားယောင်က သူ့ကိုအကြပ်ကိုင်ထားတာပဲဖြစ်မယ်'

ရှားရှီ ရေမွှေးနည်းနည်းဖြန်းလိုက်သည်။ သူမ မျက်နှာကိုထိကိုင်လိုက်ကာ မှန်ထဲတွင် နောက်တစ်ကြိမ်ထပ်ကြည့်လိုက်သည်။ မျက်ခုံးကွေးအောက်တွင် ကြီးမားပြီးနက်မှောင်သည့် မျက်ဝန်းတစ်စုံရှိလေသည်။ မျက်ရစ်နှစ်ထပ်လေးနှင့် မျက်တောင်ခတ်လိုက်သည့်အချိန်တိုင်း တဖျတ်ဖျတ်ခတ်နေသည့် ကော့တက်နေသော မျက်တောင်များပါ ပိုင်ဆိုင်ထားသေးသည်။ သူမရဲ့ နှစ်လိုဖွယ်ကောင်းပြီး အပြစ်ကင်းသည့်ပုံစံကို ဘယ်ယောကျာ်းလေးကမှ မကြိုက်ပါဟု သူမ မယုံ။ ရှားယောင်ကသာ ကျိဟွိုင်းကို သူမဘေးမှာကပ်နေအောင် တွန်းအားပေးနေတာပဲ ဖြစ်ရပေမည်။

***

မြို့တော်T စာကြည့်တိုက်ရဲ့ ကိုယ်ပိုင်စာကြည့်ခန်းတွင် ရှားရှီနှင့်သူငယ်ချင်းများက နေရာယူထားကြသည်။ သူငယ်ချင်းများက စာလုပ်ပြီးနောက် တစ်ယောက်အဖြေတစ်ယောက် တိုက်စစ်နေပြီး စကားပြောဘာပြောနှင့် နားနေကြစဥ် ရှားရှီကတော့ မေးခွန်းတစ်စုံပြီးအောင်တွက်ရင်း ရုန်းကန်နေသည်။

"ဒီတစ်ရွက်က ငရဲလိုပဲ။ အရမ်းခက်တယ်!"

မိန်းကလေးတစ်ယောက်က ရှားရှီစာရွက်ပေါ် အကြည့်ရောက်သွားသည်။

ဖယ်စမ်း!ငါစာလုပ်မလို့!《ဖယ်စမ်း!ငါစာလုပ်မလို့!》Where stories live. Discover now