《၁၅》

3.9K 514 69
                                    

《Unicode》
အခန်း ၁၅။ စာမေးပွဲနေ့

စာမေးပွဲအခန်းကို ကျောင်းအဆင့်အလိုက် စီစဥ်ထားတော့ ရှားယောင် အခန်းထဲဝင်လာတဲ့အချိန်မှာ လူတိုင်းက အလွန်ဖော်ရွေကြသည်။ အခန်းထဲမှာလည်း အတန်းအဲ့ဖ်က ကျောင်းသား၊ကျောင်းသူတွေချည်းမို့ တစ်ယောက်နဲ့တစ်ယောက် စကားပြော၊  နှုတ်ဆက်နေကြသည်။ သူတို့လေးတွေကတော့ တစ်ကျောင်းလုံးတွင် စာမေးပွဲကိုစိတ်မပူကြသည့် ကလေးများဖြစ်ကြလေသည်။

ရှားယောင်က မနက် ၆ နာရီတွင် အိပ်ယာထသည်။ စာမေးပွဲဖြေချိန်မရောက်ခင်အချိန်ထိ စာနောက်တစ်ခေါက်ပြန်လုပ်ထားသည်မို့ ယုံကြည်မှုရှိကာ စိတ်အေးလက်အေးဖြစ်နေသည်။

ပထမစာမေးပွဲဖြစ်သည့် သင်္ချာစာမေးပွဲကို ၈နာရီတွင် ဖြေရသည်။ ကျောင်းသားအချို့က အခန်းအပြင်တွင်ရှိနေဆဲပင်။ သန့်စင်ခန်းသွားနေကြသည့်သူနှင့် သဝေထိုးနေသေးသည့် သူအချို့လည်းရှိသေးသည်။ ရှားယောင်ကတော့ အတန်းထဲတွင် စိန်ပြေနပြေစောင့်နေသည်။

နေ့လည်တွင်ဖြေဆိုရမည့် တရုတ်စာမေးပွဲအတွက် ရှေးဟောင်းကဗျာများနှင့် ရှေးဟောင်းတရုတ်အကြောင်းကို တိတ်တဆိတ် ကျက်မှတ်နေသည်။ သင်္ချာဘာသာရပ်က ပိုရိုးရှင်းသည်။ အကျိုးသင့်အကြောင်းသင့် ကောင်းကောင်းတွေးနိုင်စွမ်းမရှိလျှင် ဖြေနိုင်မှာမဟုတ်ပေ။ ဒါပေမဲ့ တရုတ်ဘာသာရပ်ကတော့ ထိုမျှမရိုးရှင်းပေ။

စာမေးပွဲအချိန်ရောက်တော့ ဆရာတစ်ယောက်က ချိတ်ပိတ်ထားသည့်စာအိတ်ကိုကိုင်လျက် လျှောက်လာရင်း သမ်းလိုက်သည်။ သူစောင့်ရမယ့်အခန်းက အရမ်းသက်သာသည်။ ထိုအခန်းရှိကျောင်းသားများဟာ အဆင့်ကိုလည်းဂရုမစိုက်ကြသလို စာခိုးချတာမျိုးလည်း မလုပ်ကြပေ။ အခြားအခန်းများက အသည်းအသန်ကုန်းရုန်းဖြေနေကြချိန်တွင် သူတို့ကတော့ အိပ်နေကြလေသည်။

အခန်းအနောက်တံခါး ရုတ်တရက်ပွင့်လာတော့ ဆရာက မျက်စိမှေးကာကြည့်လိုက်သည်။ အသစ်ဝင်လာသည့် ဘေ့စ်ဘောဦးထုပ်ဆောင်းထားသောကျောင်းသားအား သူတပ်ထားသည့်မျက်မှန်ကိုဖြတ်ကာကြည့်လိုက်တော့ သူနှင့်သိပ်မရင်းနှီးသည့်မျက်နှာဖြစ်နေသည်။

You've reached the end of published parts.

⏰ Last updated: Oct 16, 2021 ⏰

Add this story to your Library to get notified about new parts!

ဖယ်စမ်း!ငါစာလုပ်မလို့!《ဖယ်စမ်း!ငါစာလုပ်မလို့!》Where stories live. Discover now