အပိုင်း ၁

11.7K 554 18
                                    

Unicode

အလွန်ဆိုးရွားသည့် အနံ့အသက်တွေကို ရှုမိရာမှ ချန်းနို နိုးလာခဲ့၏။ အသားသိုးတွေ၊ကြက်ဥပုပ်တွေနှင့် အခြား​သောရက်လွန် အစားအစာတွေကို ၁၀ရက်လောက်နေပူထဲပစ်ထားပြီးနောက် ထိုအရာတွေကိုပလက်စတစ်အိတ်ထဲထည့်၍ ချန်းနို၏ နှာခေါင်းနားလာတေ့ထားသကဲ့သို့ပင်ဖြစ်၍၊ မေ့လဲလုမတတ်ဖြစ်နေသည်။

ထို့ကြောင့် နှာခေါင်းကိုအမြန်ပိတ်၍ မျက်လုံးတို့ကိုဖွင့်လိုက်သည်။ထို့အခါ ကောင်းကင်ယံ၌ ရေခဲလင်ပန်းကဲ့သို့ ဝိုင်းစက်လင်းထိန်နေသော လကိုတွေ့လိုက်ရသည်။ သူခဏလောက်ကြောင်အ,နေပြီးတော့ ကတိုက်ကရိုက်ထလိုက်သည်။

ဘေးဘီဝဲယာကိုကြည့်၍ စနည်းနာလိုက်သည်တွင် အဆုံးမရှိသည့်အမှိုက်တောင်ထိပ်ပေါ်မှာ သူရောက်နေတာကိုသိလိုက်ရ၏။ သတိလက်လွတ်ဖြင့် လက်တွေကို၃စက္ကန့်လောက် လွှတ်မိလိုက်သဖြင့်၊ အနံ့ဆိုးတွေကသူ့နှာခေါင်းထဲ အလုအယက်ပြန်လည် တိုးဝင်လာသောကြောင့် မူးဝေသွားပြန်သည်။ သို့နှင့် သူအမြန်ပင်နှာခေါင်းကို ပြန်ပိတ်လိုက်ရ၏။

မိနစ်အနည်းငယ်ကြာပြီးတဲ့နောက်မှာတော့ သူနာမ်ရွေ့ပြောင်းလာခဲ့သည်အား သဘောပေါက်သွားခဲ့သည်။ ဒါပေမဲ့လေ ဒါပေမဲ့ သူက ကားအက်ဆီးဒင့်လည်းမဖြစ်ခဲ့သလို ချောက်ကမ်းပါးနေလည်း မပြုတ်ကျခဲ့ပါဘူး။ ပြီးတော့ မြစ်ထဲကိုလည်းမခုန်ချခဲ့ဖူးသလို စာရေးဆရာတစ်ယောက်ကိုလည်း bad review တွေပေးပြီး မကျိန်ဆဲခဲ့ဖူးပါနော်။ သချ်ာဆရာကြီးရဲ့ သားချော့တေးကဲ့သို့ အိပ်ပျော်စေတဲ့ ရှင်းပြမှုတွေအောက်မှာ တစ်ရေးလောက်လေး အိပ်ပျော်သွားခဲ့ရုံပါ။အဲ့ဒါကို ဘာလို့များသူက နာမ်ရွေ့ပြောင်းခဲ့ရတာလဲ။

သူ့ရဲ့လက်ရှိခန္ဓာကိုယ်ကို ငုံ့ကြည့်လိုက်သည့်အခါတွင် ညာဘက်လက်က ရင်းနီးနေသည့် အမာရွတ်ကြောင့် စိတ်သက်ရာရစွာဖြင့် သက်ပြင်းချလိုက်မိသည်။ ဒီခန္ဓာကိုယ်ကသူ့ရဲ့ နဂိုမူလခန္ဓာကိုယ်ပင်။

သို့တိုင်အောင် ထူးဆန်းစွာနှင့်ပင်သူ့ရဲ့ခန္ဓာကိုယ်က သေးနေပြီး၊ကြိုးစားပန်းစား လေ့ကျင့်ခန်းလုပ်ရာမှ ရခဲ့သည့်ကြွက်သားတွေလည်း မရှိတော့။ ယခုသူ့ရဲ့ပုံစံက ၁၃နှစ်၁၄နှစ်အရွယ်ကောင်လေးတစ်ယောက်ကဲ့သိုပင် ဖြစ်နေ ပြီး၊ သူဝတ်ထားသည့် T-shirt အဖြူနဲ့ဘောင်းဘီက ချောင်ချိနေ၏။

တင်တင်နှစ်ခုပါသောလူတစ်ယောက်ကိုဘယ်တော့မှလက်မထပ်ပါနဲ့Where stories live. Discover now