အပိုင်း ၇

3.3K 437 13
                                    

Unicode

ရာသီဥတုအနည်းငယ်အေးမြသည့်အချိန်ကိုစောင့်ဆိုင်းပြီးသည့်နောက်တွင် ချန်းနိုကဝါးခြင်းတွေကိုယ်စီကိုင်ထားကြသည့် လျှိုကွမ်း၊တခြားကလေးသုံးယောက်တို့နှင့်အတူ မနက်စောစောထ,၍မြို့စျေးသို့သွားကြသည်။ လျှိုကွမ်း၏ခြင်းထဲတွင် အများစုကကောအိမ်ကထည့်ပေးလိုက်သည့်ဆေးပင်တွေနှင့် မကြာသေးမီကအမဲလိုက်ခဲ့သောတိရစ္ဆာန်တွေ၏သားရေတွေဖြစ်ပြီး၊ အခြားလမ်းခရီးအတွက်လိုအပ်သည့် ရေ၊ရိက္ခာစသည်တို့ပါဝင်၏။

တခြားကလေးတွေကတော့ အမှိုက်ပုံထဲကနေကောက်ထားသည့် အတော်အတန်တန်ဖိုးရှိသော စွမ်းအင်သတ္တုရိုင်းတွေနှင့် တခြားကိရိယာ၊တန်ဆာပလာစသည်တို့ကို ယူလာကြသည်။ ထို့ပြင် သူတို့တွင်တောင်ပေါ်ကနေ စုထားသည့်မှိုတွေလည်း
ရှိသေး၏။

မြို့ကိုသွားမည့်လမ်းတွင် တောင်နှစ်တောင်ကိုဖြတ်သွားရမည်ဖြစ်ပြီး လမ်းတွင်တစ်ညအိပ်ရမည်ဖြစ်သည်။ တကယ်တော့ လျှိုကွမ်းကချန်းနိုအားသူတို့နဲ့အတူ မလိုက်စေချင်ခဲ့။ သူ့မျက်လုံးထဲတွင်တော့ အမ,တွေကအမြဲတမ်းဂရုတစိုက်နေရန် လိုအပ်သည့်သူများပင်ဖြစ်၏။ သူတို့ကကလေးတွေသာဖြစ်၍ သွားနှုန်းကသိပ်တော့မမြန်လှ။ လမ်းလျှောက်နေရင်းသူ့အားငေးနေသည့် လျှိုကွမ်းကိုချန်းနိုကပြန်ကြည့်သည်။ ဒီကလေးဘာတွေတွေးနေသည်လဲ​ဆိုသည်ကို သူသေချာပေါက်သိသည်။ ထို့ကြောင့် သူကလျှိုကွမ်းရဲ့နားရွက်ကိုဆွဲ၍ပြောလိုက်သည်။

"တကယ်လို့ မင်းငါ့ကိုလိုက်ခွင့်မပေးရင် ငါ့ဘာသာငါသွားမှာနော်..."

လျှိုကွမ်းကချန်းနိုထံမှခုန်ရုန်းလိုက်ပြီး သူ့နားရွက်လေးကိုကိုင်၍ ပြောသည်။

"ငါ့နားရွက်ကိုမဆွဲနဲ့..။ ငါယိုးမ.."

ချန်းနို၏အကြည့်တွေကြောင့် 'အမ' ဆိုသည့်နောက်ဆက်တွဲ စကားလုံး လျှိုကွမ်းမျိုချလိုက်သည်။ ချန်းနိုကစိတ်ဆိုးလာလျှင် ကြောက်ဖို့ကောင်းသည်။ အထူးသဖြင့် စာသင်ချိန်တွေတွင်ဖြစ်ပြီး ချန်းနို၏ခက်ထန်​လေးနက်နေသည့်ပုံက တခါတရံ လျှိုကွမ်းကိုပင်ကြောက်လန့်စေ၏။ ထို့ပြင် သူ့ဇနီးလောင်းတစ်ယောက်ထဲအိမ်မှာကျန်ခဲ့လျှင်လည်း တခြားအထီးတစ်ယောက်နှင့် ဖောက်ပြန်နေမည်အားသူကြောက်သည်။ အဆုံးတွင်တော့ ချန်းနိုကိုသူတို့နှင့်​အတူခေါ်ခဲ့ရန်သာ သူဆုံးဖြတ်ခဲ့သည်။ သို့သော် ချန်းနို၏ခြင်းထဲတွင်ဆေးပင်တွေကိုသာသူသေသေချာချာထည့်ပေးထားသည်။

တင်တင်နှစ်ခုပါသောလူတစ်ယောက်ကိုဘယ်တော့မှလက်မထပ်ပါနဲ့Where stories live. Discover now