အပိုင်း ၃၃

1.6K 272 2
                                    

Unicode

ချန်းနို ချင်ဟွားဂိုဏ်းဝင်ပေါက်ကနေထွက်လာသည့်အခါတွင် သူ့ထံသို့ပြေးလွှားလာသောလျှိုကွမ်းအား တွေ့လိုက်ရသဖြင့် အံ့အားသင့်သွားသည်။ သေချာသည်ကတော့ လျှိုကွမ်းကဆိုင်သို့မပြန်ဘဲ စောင့်နေခြင်းဖြစ်ရမည်။

ချန်းနိုက မကျေမနပ်ငြူစူလိုက်သည်။ 

" မှောင်နေပြီလေ...။ ငါမင်းကိုဆိုင်မှာ စောင့်နေဖို့မပြောခဲ့ဘူးလား?...။ မနက်ဖြန်ကျရင်လည်း ဝင်ခွင့်ဖြေရဦးမယ့်ဟာကို.." 

ထို့နောက်တွင်တော့ အတူတကွစားသောက်ဆိုင်သို့ ပြန်လာခဲ့ကြသည်။ လမ်းလျှောက်နေစဥ်တွင်  ချန်းနိုကလျှိုကွမ်းအား သူ၏ခါးစည်းတံဆိပ်ပြားကို ထုတ်ပြလိုက်သည်။ လျှိုကွမ်းကအစကတော့ပျော်သွားပေမဲ့ ခါးစည်းအဆောင်ကိုကြည့်၍ မျက်မှောင်ကြုံ့ကာဆိုသည်။ 

" အဆင့်၄တပည့်?..။ အဲ့ဒီ ပိုင်ချောင်ယွမ်ဆိုတာကြီးက အဲ့လောက်ကြီး ကြီးကျယ်မဲ့ပုံလည်းမပေါက်ပါဘူး...." 

အမှန်တကယ်တော့ ချန်းနိုကသူ့မျက်ကွယ်ရာတွင် အနိုင်ကျင့်ခံရမည်ကိုစိုးရိမ်သဖြင့် သူနှင့်အတူနေထိုင်ရမည်ကိုသာ လျှိုကွမ်းပို၍လိုလားသည်။ 

ချန်းနိုကရယ်၍ဆိုသည်။ 

"ပိုင်ချောင်ယွမ်ကိုအထင်မသေးစမ်းနဲ့..။ အဲ့ဒီမှာက အလုပ်တွေများတယ်ဆိုပေမဲ့ သူတို့ရဲ့ကျင့်စဥ်တွေကတော့ ‌ကောင်းပါတယ်ကွ.." 

ထို့နောက်တွင် လျှိုကွမ်းကမနက်ဖြန်တွင် ‌ဖြေဆိုသူတွေကျော်ဖြတ်ရမည့် စာမေးပွဲ၏စည်းကမ်းတွေကို ရှင်းပြသည်။ ‌စစ်ဆေးမှုအတွက်တောထဲတွင် ဖွက်ထားသည့် သံနက်တံဆိပ်ပြား၁၅၀ထဲက တစ်ခုကို၂၄နာရီအတွင်းရှာရမည်ဖြစ်သည်။ 

ဖြေဆိုသူနှစ်ရာရှိသော်လည်း သံနက်တံဆိပ်ပြားက၁၅၀သာရှိသည်။ ဆိုလိုသည်မှာ‌ ‌ဖြေဆိုသူတွေထမှ အယောက်၁၅၀သာ ဝင်ခွင့်အောင်မြင်နိုင်မည်ဖြစ်သည်။

စစ်ဆေးပွဲ၏စည်းကမ်းတွေက ကြမ်းတမ်းလှပြီး၊ အပေါ်ယံတွင်သံနက်တံဆိပ်ပြားကိုသာ ရှာရန်ဟုထင်ရသော်လည်း အမှန်တကယ်တွင်မူ ထိုမျှလောက်မရိုးရှင်း။ ဤကမ္ဘာကလူတွေ၏အမူအကျင့်အရ သံနက်တံဆိပ်ပြားရရန်အတွက် သေချာပေါက်တိုက်ခိုက်ကြလိမ့်မည်။ အများစုကစစ်ဆေးမှု အတောအတွင်းတွင် သတ်ဖြတ်ကြရန်ဝန်လေးနေမည်မဟုတ်ကြပေ။ 

တင်တင်နှစ်ခုပါသောလူတစ်ယောက်ကိုဘယ်တော့မှလက်မထပ်ပါနဲ့Where stories live. Discover now