အပိုင်း ၃၀

2.1K 354 8
                                    

Unicode

ယခု၌တွင်မူ လီယွဲ့၏မျက်လုံးတွေကငိုယိုထားမှုကြောင့် မို့ဖောင်းနီရဲနေပါ၏။ သူ့စကားသံတွေကမာထန်ကျွပ်ဆပ်နေသော်လည်း အနည်းငယ်တုန်ရင်နေပြီး၊မျက်နှာတွင်လည်း လက်ငါးချောင်းအရာကြီးကထင်းနေ၏။ ချန်းနိုကရုတ်တရက်ပင် ထိုကောင်ငယ်လေး၏သိမ်ငယ်နေမှုကို ခံစားမိသွားသည်။ လီယွဲ့၏သနားစဖွယ်ကောင်းလှသည့် သွေးစတွေပေနေသောမျက်နှာလေးကိုကြည့်၍ ဓားဖြတ်ရာတွေကိုပိုပိုကြီးလာအောင်ထပ်ပြီးမဖြတ်ရက်တော့။ ပြောထွက်လုနီးပါးဖြစ်နေသည့် အထေ့အငေါ့စကားတွေကို ချန်းနိုမျိုချလိုက်သည်။

ဤဆယ်ကျော်သက်လေးသည် မကောင်းဆိုဝါးတစ်ကောင်ထက်ပိုမိုဆိုးရွားသော်လည်း ယခုတွင်မူသာမန်ဆိုးသွမ်းသည့်ကလေးဆိုးလေးတစ်ယောက်နှင့် မကွာခြားတော့။

သို့သည့်တိုင် ချန်းနိုကလီယွဲ့အားဓားကဲ့သို့စူးရှသောအကြည့်တို့ဖြင့် ကြည့်၍သတိပေးသည်။

"ငါ့စကားကိုနားထောင်! ပြီးတော့ တစ်ခုခုလုပ်မယ်မကြံနဲ့.." 

ချန်းနိုကလျှိုကွမ်း၏နဖူးလေးကို ဂရုတစိုက်ထိတွေစမ်းသပ်သည်။ ကံအားလျော်စွာဖြင့် လျှိုကွမ်း၏ကိုယ်ပူချိန်ကစတင်ကျဆင်းလာပြီး၊ သူ့မျက်နှာပေါ်ကမသက်မသာဖြစ်နေမှုများကလည်းတဖြည်းဖြည်းပျောက််ကွယ်သွားသည်။ တချိန်တည်းမှာပင် ချန်းနို၏နှလုံးသားထဲက လေးလံနေမှုသည်လည်း ယူပစ်လိုက်သလို ပေါ့ပါးသွားသည်။ သူ၏ဒူးတွေကပျော့ခွေသွားပြီး မြေပြင်ပေါ်ထိုင်ကျသွားသည်။ သူ့ခန္ဓာကိုယ်တစ်ခုလုံးကတဆတ်ဆတ်တုန်ရင်နေသည်။ 

အဆုံးတွင်တော့လျှိုကွမ်း၏ကိုယ်ပူချိန်က ချန်းနိုထိတွေ၍ရသည်အထိကျဆင်းသွားသည်။ ချန်းနိုကလျှိုကွမ်း၏ခေါင်းလေးအား ရင်ခွင်ထဲထည့်ဖက်ထားလိုက်ကာ စိတ်အေးချမ်းသာစွာပြုံးသည်။ ချန်းနို၏အမြင်တွေကမမှားခဲ့။ လျှိုကွမ်းကအမှန်တကယ်အဆင်ပြေသွားချေပြီ။ ကံဆိုးမှုတွေနှင့်ကြုံခဲ့ရပေမဲ့ ကံကောင်းစွာဖြင့်အသက်ရှင်ဖို့ရန်တော့ ကြိုးပမ်းလိုက်နိုင်ခဲ့သည်။ ချန်းနို စိတ်ပင်ပန်းကြီးစွာဖြင့် လျှိုကွမ်း၏နဖူးပြင်ပေါ်ကဆံပင်တွေကိုသပ်ပေးပြီး၊ မျက်ခုံးတွင်ကပ်နေသည့်အမှုန်အမွှားတွေကိုဖယ်ရှားပေးသည်။ လျှိုကွမ်း၏ပုံစံကသဲကန္တာရထဲမှာရက်အတော်ကြာရောက်နေခဲ့သည့် သူတစ်ယောက်ကဲ့သို့ပင် သူ့နှုတ်ခမ်းတွေကကြောက်စရာကောင်းလောက်အောင် ခြောက်သွေ့အက်ကွဲနေပြီး သတိလည်မည့်အရိပ်အယောင် စိုးစဉ်းမျှပင်မရှိ။  

တင်တင်နှစ်ခုပါသောလူတစ်ယောက်ကိုဘယ်တော့မှလက်မထပ်ပါနဲ့Where stories live. Discover now