အပိုင်း ၃၅

1.8K 301 11
                                    

Unicode

ဒုတိယပြိုင်ပွဲတွင်တော့ လျှိုကွမ်း၏ပြိုင်ဘက်မှာ ပထမပွဲကပြိုင်ဘက်ထက် သိသိသာသာ အားသာသည်။ ချန်းနိုကလဖ္ဘက်ရည်ဗန်းကို ကိုင်ထားရင်းနှင့် ပြိုင်ပွဲအားစိတ်လှုပ်တရှားကြည့်နေသည်။ စိတ်လှုပ်ရှားမှုကြောင့် သူ့နှလုံးတွေကလည်မျိုမှတဆင့် အပြင်သို့ရောက်လာလုမတတ် ခုန်လှုပ်နေသည်။ 

ပြိုင်ပွဲစင်မြင့်ပေါ်တွင်တော့ လျှိုကွမ်းကတောက်ပသော မီးရှူးတန်ဆောင်ကဲ့သို့ ကြည့်ရှု့သူများ၏စိတ်အာရုံတို့ကို ဖမ်းစားထားသည်။ လျှိုကွမ်းကမည်သည့်အချိန်တွင် တိုက်ခိုက်ရမည်၊ မည်သည့်အချိန်တွင် နောက်ဆုတ်ရမည်ကို ကောင်းကောင်းသိသည်။ သူတချက်တချက် ဒေါသထွက်သွားခဲ့လျှင်ပင် ကမူးရူးထိုးတိုက်ခိုက်ခြင်း သို့မဟုတ် စိတ်လောသွားခြင်းတို့မဖြစ်။ သူ့မျက်လုံးတွေကပြိုင်ဘက်ထံတွင်သာ မြဲမြံနေပြီး၊ချက်ကောင်းကို မတွေ့မချင်းတစ်ဖက်လူ၏ အားသာချက်၊အားနည်းချက်တွေကို သေချာအကဲခတ်သည်။ နောက်ဆုံးတွင်သူက ပြိုင်ဘက်အား ပြိုင်ပွဲဧရိယာအပြင်သို့ ကန်လိုက်သည်။ 

လျှိုကွမ်းကမရေတွက်နိုင်သော လူတွေကသူ့အားစိုက်ကြည့်နေကြသည်ကို ခံစားမိနေပြီး ထိုသူတွေထဲတွင်ချန်းနိုလည်း ပါဝင်နေလိမ့်မည်ကိုသူသိသည်။ သူ့နှုတ်ခမ်းထောင့်တွေက ထိန်းမရစွာကားတက်သွားပြီး ပြုံးမိသွားသည်။သူကညာဘက်ခြေထောက်ကို နောက်ဆုတ်၍ပြိုင်ဘက်အား စင်ပေါ်မှကန်ချလိုက်သည်။ ထို့နောက် စင်အောက်ကအကြီးအကဲတွေကို အရိုအသေပေးပြိးနောက် ‌စင်ပေါ်မှပေါ့ပေါ့ပါးပါး ဆင်းလာခဲ့သည်။ 

ချန်းနိုကလျှိုကွမ်း၏လက်မောင်းနှင့် ပခုံးမှဒဏ်ရာကိုမြင်သည့်အခါတွင် စိတ်တွေညစ်ညူသွားသည်။ သူကပြိုင်ပွဲမှရလာသော လျှိုကွမ်း၏ဒဏ်ရာအသေးအမွှားတွေကို မြင်သည့်အခါတွင် လက်ထဲကဗန်းကိုချက်ချင်းချ၍ ဒဏ်ရာပျောက်ဆေးကိုထုတ်ယူကာ သူ့ထံသို့လျှောက်လာသော လျှိုကွမ်းအနီးသို့ကပ်သွားလိုက်သည်။ 

ဒဏ်ရာရပြိုင်ပွဲဝင်များအား ကုသရန်အတွက် ဆေးဆရာအသင်းရှိသော်လည်း ပြိုင်ပွဲစင်မြင့်ငါးခုတွင် တစ်ပြိုင်တည်းငါးပွဲပြိုင်နေသောကြောင့် ဆိုးဆိုးဝါးဝါး ဒဏ်ရာရသူများကိုသာ ဦးစားပေးကြည့်ရှုနိုင်ကြသည်။ ခြေကျိုး၊လက်ကျိုးသွားသူတို့ပင် ရှိသဖြင့်လျှိုကွမ်းကဲ့သို့သော အသေးစားဒဏ်ရာရသူတို့ကို မကြည့်အားတော့ပေ။ ထို့အပြင် လျှိုကွမ်းကိုယ်တိုင်ကလည်း သူ့အားအခြားသူစိမ်းတွေက ထိတွေ့မည်ကိုမကြိုက်။ ထို့ကြောင့် သူကချန်းနိုထံသို့သာ ဆိုက်ဆိုက်မြိုက်မြိုက် လျှောက်သွားတော့သည်။ 

တင်တင်နှစ်ခုပါသောလူတစ်ယောက်ကိုဘယ်တော့မှလက်မထပ်ပါနဲ့Where stories live. Discover now